အခန်း(၉)

6.8K 1.3K 46
                                    

{Unicode}


ဖန်းကျိုးမူ နောက်တစ်ရက်နေ့လည်ခင်းကျော်မှ အိပ်ယာနိုးလို့လာသည်။ ဖုန်းကိုဖွင့်လိုက်သည်နှင့် သူအိပ်ပျော်နေတုန်း Andrew က ပုံတွေ ပို့ထားသည်ကို တွေ့လိုက်ရသည်။

Andrew ယခုတစ်ခေါက် ပို့လာသောပုံများမှာ အပေါ်ပိုင်း ဗလာနှင့် Mirror selfie ရိုက်ထားသည့်ပုံစံဖြစ်ပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်ရပြန်ပေ။ ကြည့်ရတာ Andrew က တစ်ကယ်ကို ကြည့်ကောင်းသည့်ရုပ်ရည်မရှိသည်ဖြစ်မည်။

ဖန်းကျိုးမူသည် ပုံမှန်ဆိုလျင် ဒီလိုရိုက်ထားသည့်ပုံစံမျိုးကို သဘောကျလေ့မရှိသော်လည်း ပုံပိုင်ရှင်က Andrew ဖြစ်နေသည်မို့ လက်ခံလို့ရနေသည့်အပြင် ရိုးစင်းသည့်ဟန်ပန်နှင့် ရိုသေကျိုးနွံပုံအပြည့်ရှိသည့် စက်မှုအင်ဂျင်နီယာကြီးပုံစံဟုပင် ချီးကျူးလိုက်မိသေးသည်။

ဖန်းကျိုးမူ .. "အားယိုး .. ခင်ဗျားဘော်ဒီကြီးက မိုက်နေတာပဲ .. ကြည့်ရတာ အလုပ်မှာ မဟုတ်ရင် Gym မှာပဲ ရှိနေတာမျိုးဖြစ်ရမယ် .. ကျွန်တော်နဲ့ မတွေ့နိုင်တာ မထူးဆန်းတော့ပါဘူးလေ"

ဖန်းကျိုးမူသည် ပုံကို ထပ်ချဲ့ကြည့်လိုက်ကာ နောက်ထပ်ချီးကျူးစရာများကို ရှာနေသည်။ Andrew ၏ Gym ဝတ်စုံအောက်မှ အရိပ်ကျနေသည့်နေရာကို ဖြဲကြည့်မိလိုက်ချိန်တွင် ဖန်းကျိုးမူပါးစပ်လေးမှာ ဟ လို့သွားရသည်။

ဖန်းကျိုးမူ .. "ခင်ဗျားရဲ့ အရွယ်အစားကလည်း အထင်ကြီးစရာပါပဲ"

Andrew .. "ဘာအရွယ်အစား"

မနေ့ညက Andrew ၏ "ကြိုးနဲ့ချည်ခံထားရသလို" ဆိုသည့် မှတ်ချက် ထွက်လာပြီးနောက်ပိုင်းတွင်မှ သူတို့၏ ပုံစံက Dating app ကို သုံးနေသည်နှင့်တူတော့သည်။ ဖန်းကျိုးမူသည် Andrew ၏ အမေးကို ရှက်လို့ မသိချင်ယောင်ဆောင်ပြီး ပြန်မေးနေသည်ဟုပဲ ထင်လိုက်သည်။

ခဏကြာတော့ Andrew က ထပ်မေးလာပြန်သည်။

"ဆိုတော့ ဒီလိုပုံစံမျိုးက မင်းအကြိုက်လား"

ဖန်းကျိုးမူကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေသည်။

"ဟုတ်တာပေါ့ .. ဒီလိုပုံစံမျိုး မကြိုက်ဘူးဆို ဘယ်လိုလုပ်ပြီး ခင်ဗျားနဲ့ တွေ့မှာတုန်း"

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Onde histórias criam vida. Descubra agora