အခန်း(၁၂)

6.6K 1.3K 31
                                    

{Unicode}

ဖန်းကျိုးမူ၏ ကံကောင်းနေမှုများက အဆုံးထိ မရောက်လိုက်ရပေ။

အလုပ်တွေ များနေသည့်ကြားထဲက သူ ဒီစားသောက်ဆိုင်ကို လာဖို့ စီစဥ်ထားရတာဖြစ်သည်။ အလုပ်တွေကို စောနိုင်သမျှ မြန်မြန်ပြီးစေရန် သူ ဓါတ်ခွဲခန်းသို့ ခါတိုင်းထက် စောလာကာ တစ်နေကုန် လုပ်ခဲ့ရပြီး ညနေစားရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူ့ရှေ့သို့ ဟင်းရည်ပန်းကန် လာချရုံရှိသေးသည်။ ဓါတ်ခွဲခန်းတွင် တစ်နေ့လုံး မတွေ့ခဲ့ရသော စုန့်ယွမ်ရှန်ကို သူရှိနေသည့် စားသောက်ဆိုင်အတွင်းသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

စုန့်ယွမ်ရှန်အနောက်တွင် အမြဲကပ်ပါလာတတ်သည့် ကျန်းရန်ယုနှင့် ကျိုးမုန့်ပါမလာ၍သာ တော်တော့သည်။ ယခုပါလာသည့် ဘေးနားက သူများကို စုန့်ယွမ်ရှန်နားတွင် တစ်ခါမှ မတွေ့ဖူးပေ။ ကြည့်ရတာ စုန့်ယွမ်ရှန်တက်နေသည့် စီးပွါးရေးနှင့်စီမံခန့်ခွဲရေးမေဂျာဘက်က အတန်းဖော်တွေထင်သည်။ သူတို့ ဝတ်ပုံစားပုံက ဓါတ်ခွဲခန်းတွင်သာ အများစု အချိန်ကုန်နေလေ့ရှိသည့် ကျောင်းသားများထက် ပိုသာမန်ကျသော အဝတ်အစားများနှင့်ဖြစ်ကာ အပြုအမူများကလည်း လန်းဆန်းတက်ကြွလို့နေသည်။

စုန့်ယွမ်ရှန်၏ ပုံစံကတော့ ခါတိုင်းနှင့် အတူတူသာဖြစ်သည်။ သူ အတွင်းသို့ ဝင်လာသည်နှင့် အပြင်ဘက်မှ လေအေးတွေကိုပါ သယ်ဆောင်လာသကဲ့သို့ အနီးရှိလူတွေကို အေးခဲသွားစေကာ ဖန်းကျိုးမူဆီသို့ပင် အကြည့်များက ရောက်လာသေးသည်။ စုန့်ယွမ်ရှန်ကို တစ်နေ့လုံး မတွေ့ရ၍ ဖန်းကျိုးမူစိတ်ထဲတွင် သက်တောင့်သက်သာဖြစ်လို့နေသည်။ ယခုလို ကျောင်းချိန်ပြင်ပတွင် တည့်တည့်ကြီး တိုးရလိမ့်မည်ဟု မည်သူထင်မည်နည်း။ နောက်ဆို ဒီလို တိုက်ဆိုင်တာမျိုးတွေ မဖြစ်ရလေအောင် သူ အိမ်ကနေထွက်ခါနီးတိုင်း ပြက္ခဒိန်ပေါ်က ပြဿဒါးရက်များကို ကြည့်သွားမှရမည်။

ဖန်းကျိုးမူသည် ခေါင်းငုံ့ထားလိုက်ရင်း စုန့်ယွမ်ရှန်တို့ဘက်ကို နားစွင့်နေလိုက်သည်။ စားသောက်ဆိုင်မှ တာဝန်ခံက သူတု့ကို ကြိုတင်မှာထားသည် ရှိ၊ မရှိမေးနေသည်။ သူတို့အထဲမှ တစ်ယောက်က နာမည်ပြောလိုက်သည်နှင့် သူတို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now