အခန်း(၃၀)

9K 1.2K 21
                                    

{Unicode}

စုန့်ယွမ်ရှဲန်က လျင်မြန်စွာပင် ပြောသည်။

"ပြောင်းမယ် .. လုံးဝကို မင်းစိတ်တိုင်းကျ ပြောင်းလဲပေးမယ်"

ပြန်ဖြေတာက မြန်ဆန်လွန်းလို့ စုန့်ယွမ်ရှဲန်သည် သူ့ကိုယ်သူ ဘယ်ကစပြီး ပြောင်းလဲရမယ်ဆိုတာ သိမှသိပါလေစဟု ဖန်းကျိုးမူ တွေးမိသည်။

ဖန်းကျိုးမူသည်လည်း မစဥ်းစားချင်လောက်အောင် ပင်ပန်းနေပြီ၊ ခုလေးတင် ဒေါသတွေကလည်း ထွက်ထားရတာမို့ စိတ်ပန်းနေပြီဖြစ်သည်။

"စုန့်ယွမ်ရှဲန် .. ငါ တစ်ရေးလောက် အိပ်ဦးမယ်"

ဖန်းကျိုးမူဆီက ခွင့်ပြုသည့်အရိပ်အယောင် တစ်ခုလေးတောင်မရှိတာမို့ စုန့်ယွမ်ရှဲန်သည် ရှေ့ဆက်မတိုးရဲပဲရှိသည်။ ဖန်းကျိုးမူ၏ လက်ဖဝါးကို ခပ်တင်းတင်းလေး ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"အင်း .. အိပ်ကြရအောင်"

ဖန်းကျိုးမူသည် စုန့်ယွမ်ရှဲန်အနား တိုးခွေ့ကာ သူ့ ခြေတစ်ဖက်က စုန့်ယွမ်ရှဲန်ကို ခွထားပြီး သူ့မျက်နှာကို လက်မောင်းနားဆီ အပ်ထားလိုက်သည်။ သူ့လက်တွေက စုန့်ယွမ်ရှဲန်၏ တင်းမာကျစ်လျစ်သည့် ဗိုက်ကြွက်သားတွေကို သွားထိမိသည်။ ဖန်းကျိုးမူသည် မျက်ဝန်းများကို ပိတ်ထားလျက်နှင့်ပင် မေးလိုက်သည်။

"Acc မှာ သုံးထားတဲ့ ပုံကလည်း အတုကြီးပေါ့"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူ၏ လက်တွေကို ပွတ်ရင်း ပြောသည်။

"အင်း"

"ဘယ်နားက ပုံ ယူထည့်လိုက်တာလဲ .. အဲ့ပုံတွေကော ရှိသေးလား"

သူ့အမေးကို စုန့်ယွမ်ရှဲန် ပြန်တုန့်ပြန်သည့်ပုံက မျှော်လင့်ထားသည်ထက်တောင် ပိုများနေသေးသည်။ ဖန်းကျိုးမူလက်ကိုကိုင်ထားသည့် စုန့်ယွမ်ရှဲန်၏ လက်များက တင်းခနဲဖြစ်သွားကာ သူ့ကို မေးလာသည်။

"ဘာလုပ်ဖို့လဲ"

ဖန်ကျိုးမူသည် သူ၏ လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားလိုက်ရင်း

"မေးကြည့်တာ"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူ၏ လက်တွေကို လွှတ်မပေးပဲ ပြောသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora