အခန်း(၂၀)

7K 1.2K 18
                                    


{Unicode}


စုန့်ယွမ်ရှဲန် လမ်းမကြီး အတိုင်း လမ်းလျှောက်လာသည်။

Taxi ဆရာကို သူ့ နေရာနှင့် သိပ်မကွာသည့် နေရာမှာပင် ချခိုင်းလိုက်သည်။ သူ အိမ်ကိုပြန်လာရင်းနဲ့ပဲ ဖန်းကျိုးမူကို ဖုန်းပြောလာသည်။

တိုက်ခတ်နေသည့် လေအေးအေးက ရီဝေဝေဖြစ်ချင်နေသည့် ခံစားချက်တို့ကို အနည်းငယ် လျော့ပါးသွားစေသလိုပင်။

ဖန်းကျိုးမူက သူ့ကို အေးသလားဟု မေးလိုက်ချိန်တွင် အရှိအတိုင်း ပြောလိုက်ချင်မိသည်။

သူ့ကိုယ်သူ လှည့်စားပုံဖော်ထားသည့် အတွေးတွေက တစ်ကယ့်ကိုပဲ လှပလွန်းသည်။ နောက်တစ်စက္ကန့်အတွင်းမှာပင် ဒီအဖြစ်ကြီးကို ငြင်းဆန်လိုက်ချင်ပြန်သည်။ သူ ဖန်တီးထားသည့် ဇာတ်ကောင်ကနေ ရုန်းထွက်ချင်တာကြောင့် ဖန်းကျိုးမူကို အေးစက်စက် ဆက်ဆံခဲ့သမျှ သူ ဘယ်လောက်တောင် နာကျင်နေရမလဲဟု တွေးမိပြန်တာနဲ့ စိတ်မကောင်းဖြစ်ရပြန်သည်။

ဖန်းကျိုးမူကို လှည့်စားချဉ်းကပ်ရင်း သူကိုယ်တိုင်ပင် ဒီစက်ဝန်းကြီးထဲက မလွတ်မြောက်နိုင် ဖြစ်နေရသည်။

သူ့ရဲ့ ခံနိုင်ရည်တွေကို စမ်းသပ်ခဲ့ပြီးပြီ။

ဖန်းကျိုးမူနှင့် ပတ်သက်လာလျင် သူ့စိတ်တွေက ခံနိုင်ရည်အား မဲ့လွန်းသည်။

ဖန်းကျိုးမူသည် Andrew ကို စကားပြောတုန်းက စုန့်ယွမ်ရှဲန်နှင့် ပတ်သက်ပြီး သူ့နာမည်ကိုတောင် ထည့်မပြောပဲ 'အောက်ဆင်းစရာ ကိစ္စ' ဟု လောက်သာ ပြောပြခဲ့သည်။ ဒါက Andrew ၏ အထင်လွဲခံရမှာစိုး၍ မပြောတာ မဟုတ်ပဲ စုန့်ယွမ်ရှဲန်နှင့် ပတ်သက်ပြီး စကားထဲတောင် ထည့်ပြောနေစရာ မလိုလို့ဆိုတာကို သူ နားလည်သည်။

ဖန်းကျိုးမူ နှစ်လုံးသားထဲက Andrew ၏ ပုံရိပ်ကို ဖယ်ထုတ်ပြီး စုန့်ယွမ်ရှဲန် အနေနှင့် နေရာဝင်ယူချင်ပေမဲ့ အလုပ်မဖြစ်တာ သိလိုက်ရသည်။ ဖန်းကျိုးမူသည် စုန့်ယွမ်ရှဲန်နှင့် ပတ်သက်လာလျင် လုံးဝကို ပွင့်လင်းစွာပင် ငြင်းဆိုလေ့ရှိသည်။

ဒီနေ့ ဖန်းကျိုးမူ၏ မွေးနေ့ကိုပဲကြည့်၊ စုန့်ယွမ်ရှဲန်အနေနှင့် ဆိုပါလျင် ထမင်းတစ်ခါလောက် အတူတူထွက်စားရန် ခေါ်ဖို့တောင် မဖြစ်နိုင်။ Andrew အနေနှင့်ကျမှသာ ဖန်းကျိုးမူကို စိတ်သက်သာရာ စကားတွေနှင့် နှစ်သိမ့်ပေးနိုင်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Unde poveștirile trăiesc. Descoperă acum