အခန်း(၈)

6.7K 1.3K 33
                                    

{Unicode}


ကျန်းရန်ယုနှင့် ကျိုးမုန့်တို့ဆီ ပြန်ရောက်ချိန်တွင် စုန့်ယွမ်ရှန် သူ၏ စိတ်လိုက်မာန်ပါနှင့် အဓိပ္ပါယ်မရှိလုပ်မိလိုက်သည့် လုပ်ရပ်အပေါ်  ပြန်တွေးတောမိတော့သည်။

သူ ဖန်းကျိုးမူနှင့် စကားပြောဖြစ်နေသည်မှာ နှစ်ပတ်မျှ ကြာခဲ့ပြီဖြစ်သည်။
သူ၏ ရည်ရွယ်ချက်က ပထမအပတ်တွင် "ဖန်းကျိုးမူကို ထိန်းချုပ်ပြီး ကျိုးဟန်ကို တစ်ပြိုင်နက်ရပ်တန့်စေမည်" ဆိုသည့် အကြောင်းပြချက်နှင့် ဖြစ်သော်လည်း ဒုတိယအပတ်ရောက်ချိန်တွင်တော့ ဖန်းကျိုးမူကို မထိန်းချုပ်နိုင်ရုံမျှမက သူတို့ကြားက စကားပြောချိန်မှာ ရှည်ကြာလို့လာသည်။

တတိယမြောက်အပတ် ပိတ်ရက်ရောက်ချိန်တွင် ကျန်းရန်ယုနှင့် ကျိုးမုန့်တို့က သူတို့မြို့ထဲတွင် ဝယ်ခြမ်းစရာများရှိသောကြောင့် သူ၏ကားကို ခေတ္တမျှ ငှားပေးပါရန် အကူအညီတောင်းလာသည်။ စုန့်ယွမ်ရှန်သည် သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပင် သူလည်း မြို့ထဲတွင် ဝယ်စရာအနည်းငယ်ရှိသည်ဟု လိမ်လိုက်မိပြီး သူ၏ ကားကို ဖန်းကျိုးမူသွားမည်ဟု ပြောထားခဲ့ဖူးသည့် Supermarket ဆီသို့ ဦးတည်ခဲ့လိုက်သည်။

သူတို့တွေ Supermarket ထဲ ရောက်ပြီး မကြာခင်မှာပင် စုန့်ယွမ်ရှန် ဖန်းကျိုးမူကို တွေ့လိုက်ရသည်။

ဖန်းကျိုးမူ၏ တွန်းလှဲထဲတွင် ပစ္စည်းများက တော်တော်ပင်များနေပြီ။ သူက တွန်းလှဲလက်ကိုင်ကို ကိုင်ထားရင်း တစ်ခါတစ်လေ သူ့ ကိုယ်လုံးလေးနှင့်ပါ တွန်းလှဲကို မှီကာ သွားနေသည်။ ခေါင်းကို ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် စင်ပေါ်ရှိပစ္စည်းများကို အေးအေးလူလူလိုက်ကြည့်နေလိုက်သေးသည်။

ဖန်းကျိုးမူသည် တစ်နေရာတွင် ရပ်လိုက်သည်။ ကျန်းရန်ယုနှင့် ကျိုးမုန့်ကလည်း ဖန်းကျိုးမူရပ်နေသည့် နေရာဘက်သို့ သွားနေသည်မို့ စုန့်ယွမ်ရှန် သူတို့အနောက်ကနေ လိုက်သွားလိုက်သည်။ ဖန်းကျိုးမူ စင်ပေါ်မှ တစ်စုံတစ်ခုကို ယူပြီး ပုံရိုက်လိုက်သည်ကို တွေ့ပြီး မကြာခင်မှာပင် သူ့ဖုန်းက တုန်ခါလို့လာသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now