"တစ်နေ့မှာ ငါ မင်းမကြိုက်တဲ့အမှားတစ်ခုခု လုပ်မိရင် ငါကိုခွင့်လွှတ်မှာလား ''

"ဖြစ်မလာသေးတဲ့ကိစ္စကိုးဘာလို့မေးတာလဲ  ''

"ငါကသိချင်လို့ပါ ''

" ဘာအမှားလဲမသိပေမဲ့ သခင်လေး ကျွန်တော်မကြိုက်တာ မလုပ်ဘူးဆိုတာ သိပါတယ် တကယ်လို့ မရည်ရွယ်ပဲ မတော်တဆ လုပ်မိတဲ့ အမှားဆိုရင်တော့ ခွင့်လွှတ်ပေးမှာပါ  ငါးဆန်ပြုတ် ပြုတ်ထားတယ် ကျွန်တော်ခွံကျွေးမယ်နော်  ''

" ငါဘာသာစားပါမယ် ''

"ကျွန်တော်ခွံပါမယ် ကလေးလေးရဲ့ ''

ဆန်ပြုတ်ခွံပြီး နှစ်လုပ်လောက်စားတော့ ကျွန်တော်မစားချင်တော့ပေ 

"တော်ပြီ မိုးထက်'

"နည်းနည်းလောက်ထပ်စားလိုက်ပါအုန်း သခင်လေး ခံတွင်းမတွေ့ပဲ ပါးစပ်ခါးနေမယ်ဆိုတာ ကျွန်တော်သိပါတယ် အားရှီအောင်နည်းနည်းလောက်စားလိုက်ပါနော် ''

"နောက်ထပ်နှစ်လုပ်ပဲထပ်စားမယ်နော် ''

"သုံးလုပ်လောက်ပဲထပ်စားပါ နော် ''

"အင်း "

သခင်လေး မြို့ပြောင်းလာတော့ ရာသီဥတုအကူးအပြောင်း အဖျားမို့လားမသိဘူး သခင်လေးမျက်နှာ အရမ်းဖြူဖတ်ပြီး အားမရှီသလိုမျိုးဖြစ်နေသည် ဆန်ပြုတ်နည်းနည်းစားပြီး တန်းအိပ်သွားပြန်သည်

🏡🏡🏡🏡

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၂

"အဟွတ်..ဟွတ် "

"ချောင်းဆိုးနေပါ့လားအစ်ကို "

စိုင်းလုံပြောလည်းပြောသူနဖူးကိုလာစမ်းနေသည်

"ကိုယ်ပူနေတာပဲ "

"အစ်ကိုဘာမှမဖြစ်ပါဘူး "

" မလုပ်နဲ့တော့အစ်ကို.. ဟိုမှာသွားထိုင်နေ "

"မလုပ်လို့မရဘူး စိုင်းလုံ "

" အစ်ကိုရယ် ကျွန်တော့်ပြောတာနားထောင်စမ်းပါ "

စိုင်းလုံသူ့လက်ကိုလာကိုင်ပြီးပြောနေသည်

"အော်..သခင်လေးက ဒီမှာလာကြည်နှူးနေတာကိုး "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Onde histórias criam vida. Descubra agora