"ဟုတ်ကဲ့ သခင်လေး ''

မိုးထက်နဲ့နေမခ ဘာမှမပြောပဲထမင်းပဲစားနေကျသည် ထမင်းစားနေရင်းနဲ့မှ မိုးထက် မျက်နှာချွေးပြန်နေတာကို သတိထားမိသည်

ချွန်!

စားနေတဲ့ ဇွန်းကိုလွှတ်ချလိုက်ပြီး မိုးထက် ဗိုက်ကိုဖိထားသည်

"မိုးထက် ! ဘာဖြစ်တာလဲ '

"ဗိုက်အောက်လို့ အား..အရမ်းနာတယ် ''

နေမခစိုးရိမ့်ပြီး မိုးထက်သာကိုပွေ့ချီကာ
ကုတင်ပေါ်လှဲစေလိုက်သည် သူစိတ်လှုပ်ရှားပြီးတုန်ယင်မိသည်

"ဆရာဝန်ကိုဖုန်းခေါ်ရမှာပဲ "

နေမခဆရာဝန်ကိုဖုန်းခေါ်လိုက်သည်

"အရမ်းနာနေလား မိုးထက်ခဏပဲသည်းခံနော် ဆရာဝန်ခေါ်ထားတယ် ခဏပဲသည်းခံပေးပါ ''

မိုးထက်ဗိုက်နာနေရင်းနဲ သခင်လေးကို ကြည့်မိသည် သူလက်ကိုကိုင်ပြီး မျက်ရည်ဝဲပြီးစိတ်ပူနေတဲ့ သခင်လေးကိုတွေ့ရသည်

"စိတ်မပူပါနဲ့သခင်လေး...မတန်ပါဘူး "

ဒေါက်...ဒေါက်

နေမခတံခါးသွားဖွင့်လိုက်သည်
ဆရာဝန်ရောက်လာပြီး မိုးထက်ကိုစမ်းသပ်လိုက်သည်

"အခုရက်ပိုင်း အစာမမှန်ဘူးမို့လား
လူနာဖြေပေးပါ ''

"ဟုတ် ''

"အစာကိုပုံမှန်မစားပဲ ရုတ်တရက် အစားကိုပြန်စားရင်းနဲ့ အစာအိမ်ထိသွားတာပဲ အစာအိမ်ယောင်နေတာပါ ဆေးသွင်းပေးလိုက်မယ် အစာအမာတွေမစားခိုင်းပါနဲ့ ''

"ဟုတ်ကဲ့ ဒေါက်တာ ''

"ကဲ့ဆရာပြန်လိုက်အုန်းမယ် သိပ်စိတ်မပူပါနဲ့ဆေးလည်းထိုးထားတာမို့လို့သက်သာမှာပါ ''

"ဟုတ်ကဲ့ ဒေါက်တာ ''

အိပ်ပျော်နေသော မိုးထက် ကိုရေစိုဝတ်နဲ့နဖူးကိုတင်ပေးလိုက်သည် ပြီးတော့သူအင်္ကျီကို လှန်ပြီး ဗိုက်ကိုကိုင်ကြည့်မိသည်

"ငါကိုကျတော့ အစာပုံမှန်စားဖို့လာပေးပြီး မင်းကျတော့အစားပုံမှန်ဘာလို့မစားတာလဲ
မိုးထက် ငါအပြစ်ပါ ခါတိုင်းမင်းနဲ့အတူစားနေကျကိုး ငါအပြစ်ပါ မင်းဒီလိုခံစားရတာ ငါရင်ကိုနာစေတယ် အိပ်လိုက်ရင်တော့ အမြန်သက်သာပါမှာ မိုးထက် "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now