48.ကြယ်ရောင်ပျောက်သောည

Start from the beginning
                                    

"သူကလေ သိလား ငါ့ကို၁၀နှစ်ကျော်ချစ်ခဲ့တာဟ "

ကိုယ်လည်းမင်းကို စတွေ့ထဲကချစ်ခဲ့တာပါ သာရယ်။ဖွားတို့အိမ်ကိုအလည်သွားတိုင်းဧည့်ခန်းမှာချိတ်ထားတယ့်မင်းဓာတ်ပုံလေးကိုမင်းနဲ့မတွေ့ခင်ကထဲကကိုယ်ငေးကြည့်ခဲ့ရတာပါ။ဖွားက မင်းအကြောင်းလေးတွေပြောပြရင် ကိုယ့်မှာအမြဲနားထောင်ပြီး မင်းလာလည်မယ့်ရက်တွေကိုမျှော်လင့်နေရတယ့်ကောင်ပါ။

"နင်သိတယ်မလား ငါအတိတ်မေ့နေတာ သူ့ကိုလေ အဟင်း တကယ်အံ့သြစရာပဲ သူကပြီးတော့ ငါ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ဖူးသေးတယ် နင်အံ့သြသွားလား ဟုတ်တယ် ကိုသြရှဆိုတာလည်းသူပဲ အဟင်း ငါမသိခဲ့ဘူးသိလား "

မအံ့သြပါဘူးသာရယ်။ကိုယ်ချစ်နေတယ့်မိန်းကလေးရဲ့ချစ်သူအကြောင်းကို ဘာမှမဖြစ်သလို ပျော်ပျော်ပါးပါး နားထောင်ပေးနေရတယ် ငါ့ကိုယ်ငါလောက် မအံ့သြမိပါဘူး။

"ဟဲ့ ဘုန်း နင်နားထောင်နေလား"

"ဟမ် အမ်း ဆက်ပြောလေ"

"ဟယ် နင့်အသံကြီးကလည်း ဘာလည်းအိပ်ချင်နေလို့လား ဟုတ်သား ဘယ်နှစ်နာရီရှိပြီလည်း မသိဘူး"

သာကပြောလည်းပြောနာရီကို LEDမီးလုံး တစ်လုံးနားသို့ လှစ်ခနဲပြေးပြီးသွားကြည့်သည်။

micky ရုပ်လေးတွေပါသော ညအိပ်ဝတ်စုံအပွလေးနဲ့သာက လက်ကလည်း mickyရုပ်တစ်ရုပ်ကိုကိုင်ထားသေးကာ တကယ့်ကလေးမလေးလိုမျိုးချစ်ဖို့သိပ်ကောင်းနေလေသည်။

ဘုန်းရင်ထဲ တင်းကျပ်ကျပ်ခံစားလိုက်ရသည်။မှန်သည် ခုတော့ ဒီကောင်မလေးဟာ ဘုန်းနဲ့လုံးဝပါတ်သတ်ခွင့်မရှိတော့ပြီ။ ပြီးတော့ ဘုန်းနဲ့ သူငယ်ချင်းဆိုသည့်အဖြစ်ကလွဲလို့ လုံးဝရှေ့ဆက်တိုးခွင့်မရှိပြီ။ ဖွင့်ပြောဖို့ သွေးကြောင်နေသည့် သူ့အမှားတွေလား။

မယုံနိုင်အောင်ပဲ ပါးပြင်ပေါ် မျက်ရည်တစ်စက်ဖြတ်ဆင်းသွားသည်။ ကျစ် ပျော့လိုက်တာ ဘုန်းရာ။မင်းယောက်ျားပဲ ဒီချိန်မှာတင်းခံထားစမ်းပါ။

"ဟယ် ၁နာရီတောင်ခွဲတော့မယ် ကြည့်စမ်း ဘုန်း နင်မနက်အလုပ်သွားရဦးမှာမလား ငါ့ကြောင့် အိပ်ရေးပျက်ပါပြီ ငါကမနက်အလုပ်မရှိတော့တော်သေးတယ် "

A mysterious love story (Completed)Where stories live. Discover now