42.အတင်းဖျင်းများ

Start from the beginning
                                    

ဒါက ဒုတိယအကြိမ်မြောက်ရှော့ဖြစ်လေသည်။ တစ်ဆက်ထဲ သာ့နားရောက်အောင်သူ့ဘက်ကအမျိုးမျိုးကြိုးစားမှုကြီးကို လက်ဖျားပင်ခါရလောက်သည်။

နောက်ဆုံး ဘုန်းကို အံ့သြစေသည့်အချက်ကတခြားမဟုတ်ပေ။

သြဇာကောင်းဆိုသောကောင်၏အဖေနှင့် ဟိုလူကြီးမှာ စီးပွားရေးပြိုင်ဘက်များဖြစ်ပေသည်။ ဦးသြရသဆိုသော နာမည်နှင့်အတူ gawaya groupဆိုသောနာမည်ကြောင့်ပိုသေချာသွားသည်။ ထို့အပြင် ဟိုတခါ ရှယ်ယာပြိုင်လုရင်း ဟိုလူကြီးရှုံးသွားသည့်အတွက် သွေးတက်ကာ တခါထဲ အောက်ပိုင်းပင် လှုပ်မရဖြစ်သွားသည်။ ဒါ့ကြောင့်ပဲ ဘုန်းမှာ ပြည်တွင်းကလုပ်ငန်းတွေထက် ပိုထိန်းချုပ်ရမည့် ဂျပန်က ရုံးခွဲကိုအမြန်သွားရခြင်းပင်။ ငွေစနစ်၏ကွာခြားချက်အရ ပြည်တွင်းမှာဆုံးရှုံးမှုထက် ဟိုက နည်းနည်းလေးဆုံးရှုံးရင်တောင် ဒီကအများကြီးဆုံးရှုံးစာလောက်ပင်ရှိသည်။

"အော သြဇာကောင်း မင်းနဲ့ငါက ရေစက်ပဲ ငါတို့တွေ့ကြရပြန်ပြီ အဖေချင်းမဟုတ်ဘဲ သားချင်းပေါ့"

ဘုန်းရေရွတ်လိုက်ပြီး နောက်တော့ မတွေ့တာကြာတယ့် သူငယ်ချင်းတွေနဲ့ အချိန်ခနပေးလိုက်သည်။ ဟိုလူကြီးက ခုထိလုပ်ငန်းတွေတာဝန်မယူနိုင်သေးဘူးဆိုတော့ ဘုန်းပဲ ထပ်ကြီးကြပ်ရမှာပင်။ ဂျပန်မှာတော့ တနကစန်နဲ့လွှဲထားခဲ့လေသည်။ ပြီးတော့ လျှော်ကြေးငွေတွေရခဲ့တာမို့ လုပ်ငန်းပြန်လှည့်ပတ်ဖို့ အဆင်ပြေခဲ့သည်။

ဒီနေ့တစ်ရက်တော့ သူခွင့်ယူထားတာမို့ အဆင်ပြေလေသည်။

အပြန်တွင်ဘေးအိမ်က သူနဲ့ရင်းနှီးသော အဘကအပင်တွေရေလောင်းနေရင်းသူ့ကိုတွေ့တာနဲ့

"ဟာ ဟိုဘက်အိမ်က ငါ့တူကြီးမလား"

အဘကပြုံးရင်းလှမ်းပြောတာဆိုတော့

"ဟုတ်တယ်အဘရေ မတွေ့တာကြာတော့အဘတောင် ပြည့်လာတယ်"

သူက လှမ်းပြုံးရင်းပြန်နှုတ်ဆက်စကားဆိုလိုက်တယ်။

နောက် အဘက သူ့ခြံထဲဝင်လာဖို့ဖိတ်ခေါ်တာကြောင့် ဝင်သွားလိုက်တယ်။

A mysterious love story (Completed)Where stories live. Discover now