40.ရှင် ဘာမှမဖြစ်ရဘူးနော်

Start from the beginning
                                    

နောက်ပိုင်းသူ ကျောင်းပြီးသည့်နှစ်မှာပဲ ဖေဖေက သူ့ကို လုပ်ငန်းထူထောင်ဖို့အရင်းနှီးထုတ်ပေးပြီး သိဒ္ဓိရော ရင့်ခက်ပါ သူ့companyမှာ ဝင်လုပ်ပေးတာကြောင့် သူအဆင်ပြေခဲ့သည်ပင်။ အစပိုင်းတွင်အခက်ခဲများစွာ ရှိခဲ့သည်။ ဖေဖေက သူ့ကို ကိုယ့်အစွမ်းအစနဲ့ အောင်မြင်တယ့်သူဖြစ်အောင်ကို ဘာအကူညီမှ ဝင်မပေးခဲ့သလို ဦးသြရသရဲ့ သားဖြစ်လို့ သူအောင်မြင်သည်ဆိုတာကိုလည်းမလိုချင်၍ တမင်ပင် သူ့ကိုပစ်ထားလေသည်။ ရင့်ခက်က စျေးကွက်အမြင်ရှိလှတာကြောင့် နောက်၁နှစ်အတွင်းမှာပဲ အခြေခိုင်တယ့် companyအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်တယ်။ နောက်သူတိတ်တဆိတ် အလုပ်ခန့်ထားတယ့် အာကာဆိုသော ကောင်လေးဆီကနေလည်း ကျေး ရဲ့ သတင်းတိုင်းကိုသူအမြဲ မပြတ်ရခဲ့တယ် ။ ဘယ်သူထင်မှာလည်း သူ့ထံတွင် ကျေး တစ်ယောက်ထဲသီးသန့်၏ပုံရိပ်များကို စုစည်းထားသည့် အယ်လ်ဘမ် ၃အုပ်ကျော်ရှိသည်ဆိုလျှင်။ နောက် သိဒ္ဓိပါသိသွားတော့ သူပါ ကောင်း၏အစီစဥ်တွေထဲ ဝင်ကရတော့သည်။

ခုလည်း သူမလေးက တကယ်မေ့နေခဲ့တာပဲ။ သူ့ကို အဲ့အချိန်က ပြောခဲ့သည်များကို ခုမှကြားဖူးသလို ကြောင်အငေးနေပုံက တကယ် ကောင်းကို အသည်းယားစေသည်။ အနီရောင် ဝတ်စုံလေးက sexyကျစေပြီး မျက်နှာရှင်းရှင်းလေး ကြောင်အနေပုံက cuteကာ အသည်းအရမ်းယားစေသည်။ နောက် သူမလေးနားကပ်သွားတော့ သူ့ရင်ခုန်သံတွေက အတိုင်းစမဲ့ ထပ်မြန်လာရပြန်တယ်။

နောက် တော့ ကြောက်ရွံ့ရှက်လန့်စွာ အနီးနားက ဓာတ်လှေကား ကိုလည်းဖွင့်လိုက်ရောသူ့ရင်ခုန်သံတွေနောက်လိုက်ကာ အပိုင်ထပ်သိမ်းမိပြန်တယ်။ အသက် ၂၅နှစ်ကျော်မှ ပထမဆုံးအနမ်းဖြစ်တာကြောင့် ကောင်းကိုယ်တိုင်ပင် သိပ်မနမ်းတတ်ပါ။ 

ဒါပေမယ့်လည်း သူ့အလိုလိုသင်ပေးတယ်ပြောမလား။ ခုနကထက်ပိုပြင်းပြတယ့်အနမ်းတွေကိုထုတ်လွှတ်နေမိတယ်။ နောက်သူ့ကိုအတင်းတွန်းဖယ်ပြီး ဆံပင်လေးတွေကိုပြန်သပ်လိုက်တာကြောင့် သူမကြည့်ရာကိုကြည့်လိုက်တော့မှ ပွင့်ကာနီးနေတယ့် ဓာတ်လှေကားခလုတ်ကိုမြင်တယ်။ အဲ့တော့သူကလည်း အပေါ်ပြန်တက်သည့်ခလုတ်ကိုနှိပ်ပြီး အနမ်းတွေကိုထပ်ဆက်သည်။

A mysterious love story (Completed)Where stories live. Discover now