37.သူ့ပိုင်နက်ထဲ (1)

Start from the beginning
                                    

ကားလေးက AZK ဟုရေးထားသော အဆောက်ဦးရှေ့မှာရပ်တန့်သွားသည်။ မြေပုံလမ်းညွှန်အရ ဒီဆန်းသစ်လှပသောအဆောက်အဦးဆိုသည်မှာမလွဲနိုင်ပေ။
ဖြစ်ချင်တာဖြစ်တော့ သာဟာခု အလုပ်ကိစ္စနှင့်မို့ သူ့ကိုဂရုစိုက်စရာမလိုပေမဟ့် အလုပ်ချိန်မို့ရိုသေမှုတော့ထားရမည်ဟု ကိုယ့်ဘာသာ အားတင်းလိုက်သည်။

အပေါ်ထပ်ရုံးခန်းရဲ့ မှန်နံရံတွေကနေတဆင့် ကျေးရဲ့ကားလေးထိုးကပ်လာတာတွေ ပြီးတော့ လက်ထဲဖိုင်တစ်ထပ်နဲ့ ဝင်လာပြီဆိုတာနဲ့ ဦးရာဇာကို ကျေးဇူးတင်မိသည်။ တကယ်ကျေးကိုလွှတ်ပေးတာပဲ။ နောက်အလုပ်စားပွဲမှာတည်တည်ငြိမ်ငြိမ်နဲ့ထိုင်နိုင်အောင်ကြိုးစားတော့သည်။

ကျေးဟာသူမထင်ထားလောက်အောင်ပဲပြတ်သားရက်စက်လွန်းပါသည်။ ဒီနေ့နဲ့မှ၂ရက်မြောက်နေ့ပဲရှိပါသေးသည်။သူ့အတွက်ကြိုးစားခွင့်လမ်းစတွေပိတ်အောင် အပြတ်ပြောထားတာမို့ သူ့မှာမတတ်နိုင်မဖြစ်ဖြစ်တယ့်နည်းကိုသုံးရသုံးရ သူကျေးဆီသွားတွေ့လို့မရလျှင် ကျေးသူ့ဆီလာရမည်။ သူဟာလောဘကြီးမိနေပြီ။ ပိုဆိုးတာက သူ့ရင်ကိုအမြဲမပြတ်ပူလောင်စေမည့် ဟိုဘုန်းလက်ျာဆိုတယ့်ကောင်ကလည်းပြန်ရောက်လာပြီ။ ကျေးကသာသူငယ်ချင်းဆိုပြီး အရမ်းယုံကြည်နေပေမယ့် မြွေမြွေချင်းခြေမြင်တယ်ပဲပြောပြော ကျေးအပေါ်မရိုးသားဘူးဆိုတာသူခံစားလို့ရနေသည်။

ကျေးရဲ့ကိုယ်ကျင့်တရားနဲ့သိက္ခာကိုသူအပြည့်အဝယုံပေမယ့် ယောက်ျားချင်း ဟိုကောင်ကိုသူမယုံနိုင်ပါ။ သူ့ရင်ထဲမှာနှစ်ပေါင်းများစွာပျိုးလာတယ့်နှင်းဆီပန်းလေးကို ဘယ်လိုနည်းနဲ့မှ သူအပါမခံနိုင်ပါ။ တခါတလေ ငဲ့ညှာရမယ့် ဂုဏ်သိက္ခာတွေသာမရှိရင် ဗိုလ်အောင်ဒင်လို သူကြမ်းချင်ပါသည်။ ရုပ်ရှင်တွေထဲကလို အတင်းပင် ပိုင်ဆိုင်ရဖို့ ကားတင်ပြေးချင်ပါသည်။ ဒါမယ့် သူတန်ဖိုးထားတယ့်ပန်းတစ်ပွင့်အလိုမရှိတာကိုသူမလုပ်ချင် သူတန်ဖိုးထားသလို သူမလည်းသူ့ကိုတန်ဖိုးထားမယ့်နေ့မှ ပိုင်ဆိုင်မှုသရဖူကို အကျေနပ်ကြီးဆောင်းလိုက်မည်။

ကျေးစိတ်ပြေပြီးသူ့ကိုစကားပြန်ပြောဖို့က သူ့ရဲ့ ပထမခြေလှမ်းပင်။ သူဟာ အချစ်ကြီးပြီး ပိုင်ဆိုင်ချင်သူဖြစ်တာကြောင့်ခြေလှမ်းပေါင်းများစွာကို အစီစဥ်ချပြီးသားပင်။ဒါတတိယမြောက်ခြေလှမ်းပင်။

A mysterious love story (Completed)Where stories live. Discover now