31.ထပ်မလှည့်စားပါနဲ့တော့

Start from the beginning
                                    

"ဟာ ဟိုမှာ ဒေါ်သက်နှင်းဖြူလာပါပြီ အဲ သူ့နောက်က ဘယ်သူပါလိမ့်"

"လာမှာပါဟယ် ငါသားသားကိုကျောင်းပို့နေရသေးလို့ နည်းနည်းနောက်ကျနေတာ ဘယ်လိုလည်း ကျော်ခန့် နင် သင်္ဘောလိုက်တာအဆင်ပြေလား"

"ပြေတာပေါ့ဟာ ဒါမယ့် ကုန်းမမြင်ရတာတော့ ဆိုးတယ်ဟ နင်ကလည်း နင့်နောက်ကမိန်းကလေးနဲ့မိတ်ဆက်ပေးလေ"

အခန်းတွင်းမှာ ဒီလိုပဲ စကားဝိုင်းဖွဲ့နေတာတွေအများကြီးပင်။သာကတော့ တစ်ယောက်မှမသိသူမို့ ဖြူ့အနားမှာထိုင်နေလိုက်သည်။ စားပွဲပေါ်မှာ စားစရာအစုံနဲ့ ယမကာရော အချိုရည်ပုလင်းတွေပါရှိသည်။ လမ်းတွင် ဖြူ့ဆီက ကြားရသလောက်တော့ ဒီနေ့ ဒကာက သ​ေင်္ဘာကပြန်လာတယ့် ကျော်ခန့်ပင်။

"ဒါ သာယဥ်ကျေးလေ နင်မမှတ်မိဘူးလား ငါတို့၈တန်းတုန်းက ."

ဖြူ့အသံမဆုံးသေး

"အော ဟုတ်ပြီ သာယဥ်ကျေး သြဇာကောင်း မှတ်မိပြီ ဟာ သာယဥ်ကျေးက မှတ်တောင်မမိတော့ဘူး ချောလာလှချည်လား အမယ်လေး သြဇာကောင်းသာရှိရင် ငါ လက်သီးစာမိလောက်တယ် "

ဘယ်သူမှဘာမှမပြောပေမယ့်လည်း ကျော်ခန့်က သူ့ရှေ့က ခွက်ထဲ ယမကာထပ်ထည့်ပြီး

"မှတ်မိသေးတယ် အဲ့နေ့ကို နင်အဲ့နေ့ကလည်းအစိမ်းရောင်ပဲနော်ဝတ်ထားတာ အဲ့ဆွဲကြိုးငါနဲ့တူတူသွားဝယ်ထားတာလေ ငါကတော့ကျူးရင့်ခက်ကိုပေးပေမယ့်သူက တခါထဲလွှင့်ပစ်လိုက်တာ အဟက် နင်ကမှ ယူသေးတယ်"

(Mc .မှတ်မိတယ်ဟုတ်🌈)

သာက စိတ်ထဲတမျိုးဖြစ်သွားသည်။ယမကာဝင်နေတယ့် ယောက်ျားတွေက စကားပြောကောင်းတယ်လို့ တွက်ရင်လည်း တမျိုး ဒါမှမဟုတ်လည်းတော်တော် စိတ်ပျက်စရာလည်းကောင်းသည်။ဘာလို့ဆို စကားတွေကို စည်းမရှိပဲ ထင်တိုင်းပြောတတ်သည်လေ။

ကျော်ခန့်လည်းသူ့ရှေ့က မိန်းကလေးက သိပ်မလှုပ်တာမြင်ရတော့ စကားလမ်းကြောင်းပြောင်းရတော့သည်။
ဒီအချိန်ဖြူကတော့ ၁၀တန်းနှစ်ကမိန်းကလေးတစ်သိုက်ဘက်ကိုရောက်သွားလေပြီ။

"သာယဥ်ကျေး နင် ​၉တန်းထဲကပျောက်သွားလိုက်တာ အခုမှပြန်ပေါ်လာတော့တယ် ဘာတွေလုပ်နေလည်း"

A mysterious love story (Completed)Where stories live. Discover now