27.One Night Stand???

Mulai dari awal
                                    

"အားးးးးးး"

ဘုရားရေ ငါ ဘာဖြစ်သွားတာလည်း။

ရင့်ခက် ဘေးနားက သိဒ္ဓိကိုတွန်းလိုက်တယ်။ပြီးတော့ သူမကိုယ်သူမ သေချာပြန်ကြည့်နေတယ်။

ခုရင့်ခက်ဝတ်ထားတာက ယောက်ျားဝတ်ရှပ်အင်္ကျီရှည်ကြီးတစ်ထည်ထဲလေ။ ခံစားချက်အရ အတွင်းခံရှိနေပေမယ့် အပေါ်က ဘရာတော့မပါ ။ရင့်ခက်ခေါင်းနပန်းကြီးသွားပြီး မွေ့ယာကို သေချာပြန်ကြည့်တော့တယ်။အဲ့တော့မှ မွေ့ယာပေါ် သွေးကွက်တစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်လေ။

အခုချိန်မှာတော့ရင့်ခက်ဟန်မဆောင်နိုင်လောက်အောင် ငိုချင်နေပြီဖြစ်တာကြောင့် ကုတင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချပြီး အော်ငိုတော့တယ်။

"အား သွားပါပြီ ငါ့ဘဝလေး အဟင့် အဟင့်"

ရင့်ခက်ငိုနေရင်း အခုထိသူမကိုစိုက်ကြည့်နေတယ့် သိဒ္ဓိကို ခေါင်းအုံးနဲ့လှမ်းပေါက်လိုက်တယ်။

"နင်မလား လူယုတ်မာကောင် အဟင့် အဟင့် "

သိဒ္ဓိလည်းအစက မမလေးလှုပ်ရှားမှုတွေပေါ်ကြောင်ငေးနေရာမှငိုလာတော့မှ သတိဝင်တော့သည်။ စိတ်ထဲမှလည်း ငါတော့အကြီးကြီးသွားပြီဟုတွေးလိုက်တယ်။ဒီအချိန်မှာပဲ မမလေးက သူ့ကိုခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တယ်လေ ။အဲ့တော့မှ သိဒ္ဓိသတိဝင်လာပြီး ကုတင်ပေါ်ထိုင်နေတယ့်မမလေးရှေ့မှာကြမ်းပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီး မမလေးကိုချော့ဖို့ကြိုးစားတော့တယ်။

"ကျွန်တော့်ကို မမလေး ထုချင် ရိုက်ချင်သလောက်ရိုက်ပါဗျာ ကျွန်တော့်အမှားတွေပဲ ကျွန်တော် ထိန်းချုပ်ရမှာကို ဒါမယ့်မမလေးကိုကျွန်တော်တကယ်ချစ်တာကိုတော့ယုံပေးပါဗျာ"

အဲ့အချိန်မှာပဲ မမလေးက သူ့ကို ထုရိုက်တော့တယ်။

သိဒ္ဓိမမလေးကိုကြည့်ပြီးမမလေးလုပ်သမျှငြိမ်ခံနေလိုက်တယ်။

ပြီးတော့မှ

"ဒါမယ့် ယုံပါ ကျွန်တော် မမလေးကိုချစ်နေပေမယ့်လက်ဖျားနဲ့ထိဖို့တခါမှ စိတ်မကူးခဲ့ပါဘူး မနေ့ညက မမလေးဆန္ဒလည်းပါပါတယ် အခုမမလေး ခေါင်းကိုက်နေတယ်လေ ကျွန်တော့ကြောင့်ထပ်မငိုပါနဲ့ ခေါင်းပိုကိုက်သွားလိမ့်မယ် ပြီးမှ မမလေးကျွန်တော့်ကိုလုပ်ချင်သလိုလုပ်ပါ ခုတော့"

A mysterious love story (Completed)Tempat cerita menjadi hidup. Temukan sekarang