♠ONE♠

13.8K 641 11
                                    

Unicode

11.5.2021

ဘရာဇီးနိုင်ငံ၏ နာမည်အကြီးဆုံး Hotelရဲ့ အခန်းတစ်ခန်းတွင်တော့.... ဖုန်းမြည်သံတစ်ခုက ကျယ်လောင်စွာပေါ်ထွက်နေသည်....

Ring..... Ring.....

မကြာပါ.... ခေါင်းရေစက်လက်နဲ့. တပတ်တစ်ထည်သာပတ်ထားသူက ရေချိုးခန်းထဲကထွက်လာသည့်ပုံ....

Hello... မမ

ဘာတွေလုပ်နေတာလဲ.. baby.... ဖုန်းခေါ်နေတာကြာလှပြီ..

Sorryမမရာ.. ရေချိုးခန်းဝင်နေလို့...

ဟုတ်ပါပြီ. မနေ့ကစောစောအိပ်ရဲ့လား. ..ခုကောမနက်စာစားပြီးပြီလား....

အင်းးးး.. ညကတော့ပုံမှန်အတိုင်းပါဘဲ . မနက်စာကတော့. ခုမှအပြင်ထွက်စားမလို့...

ဟုတ်ပြီဟုတ်ပြီဒါဆိုမမဖုန်းချလိုက်တော့မယ်... babyမနက်စာသွားစားတော့..

Nae.....

ဖုန်းချသွားတာနဲ့... လိုက်ဖက်မယ်ဆိုတာထက်သဘောကျနှစ်သက်တဲ့.. အဝတ်စားကိုလဲလိုက်သည်. နေကာမျက်မှန်ကတော့ သူ့ရဲ့မပါမဖြစ်ပေါ့....

စားလို့ကောင်းတယ်ဆိုတာထက် viewကောင်းကောင်းနဲ့... အဆင်ပြေမဲ့ဆိုင်မျိုးကိုသူပိုသဘောကျသည်... မနက်စာစားခြင်းကို.. သဘာဝအလှကြည့်ရင်းနဲ့ ကုန်ဆုံးခဲ့သည်...

ဘေးနားက ဖြတ်သွားဖြတ်လာလူတွေကို အကြောင်းမဲ့ ငေးကြည့်မိသည်.. ပုံမှန်ဆိုဒီလိုအချိန်က.တခြားသူတွေတွက်. အလုပ်သွားချိန်ဆိုပေမဲ့ သူ့တွက်တော့ နောက်ကျမှာစိုး၍ တကူးတကစောစောပြင်ဆင်ပြီး အလုပ်ထိသွားနေစရာမလို..

Designer တစ်ယောက်ဆိုပေမဲ့ ပြာယာခတ်အောင်ပြေးလွှားလုပ်ကိုင်နေစရာမလို..... စိတ်အခြေနေကောင်းမွန်နေတဲ့အခါထွက်လာတဲ့ ဦးနှောက်ထဲကအသိတစ်ချို့ကို... စာရွက်တစ်ရွက်ပေါ်ရေးခြစ်ပြီး... ပို့လိုက်ရုံနဲ့ ငွေဆိုတာသူ့အိမ်ထိ. Autoရောက်ပြီးသား...

မိသားစုက... မွေးရပ်မြေKoreaမှာဆိုပေမဲ့ သူတစ်ကိုယ်တည်းဘာကြောင့်ခွဲထွက်နေလဲမေးရင်... ရေရေရာရာအဖြေမရှိ.... အလုပ်ကိုအကြောင်းပြပြီး... စိတ်အပန်းဖြေနေတယ်လို့ဆိုရအောင်လဲ.. သူ့ဘဝမှာစိတ်ပင်ပန်းစရာဆိုလို့... စဥ်းတောင်မစဥ်းစားခဲ့ဖူး....

" BABY " [Uni & Zaw]Where stories live. Discover now