...ချောက်...
တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ချောမောတဲ့ကောင်လေးတစ်ယောက်ရယ် အနောက်က အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်ရယ်....
"မင်း သတိရလာပြီကိုး "
Taehyung ကိုစကားပြောလာတဲ့သူကို ကြည့်မိတော့ သူအဲ့ဒီလူကိုမသိ..ဒါပေမယ့် အရမ်းရင်းနှီးခဲ့ဖူးပုံရသည်...Taehyung စိတ်ထဲက ထိုလူ့ကိုစိမ်းမနေပေ...
"ခင်ဗျားကဘယ်သူလဲ"
ပီသစွာထွက်သွားသော Korea စကား...
Jungkook အံ့သြသွားရသည်..ဒီကောင်လေးက သူတို့နဲ့လူမျိုးမတူဘူးလို့သိထားပေမယ့် အခုပြောတဲ့ပုံက သူကပဲ Korea နိုင်ငံသားစစ်စစ်ကြီးကျလို့ရယ်..
"မင်းက Korea လူမျိုးလား ကောင်လေး"
"မသိဘူးလေ"
"ဟင် မင်းဘာဖြစ်ခဲ့တာလဲ မမှတ်မိဘူးလား"
"ဟင့်အင်း"
Jungkook က Taehyung အိပ်ထဲက စာအုပ်တစ်အုပ်ကိုထုတ်လိုက်ရင်း
"ဒါမင်းအိပ်ထဲကတွေ့တာ မင်းသိလား ဒီစာတွေ"
Taehyung ကြည့်မိတော့ သူမသိ..သူရေးထားတယ်ဆို သူသိရမှာပေါ့ တစ်ခုမှမသိ..
"ဘယ်ကလည်း မိသားစုကရော ဘယ်မှာလည်း စဉ်းစားကြည့်ပါလား"
Taehyung စဉ်းစားနေပေမယ့် ခေါင်းတွေသာကိုက်လာရသည်...
"အား ခေါင်းကိုက်တယ် ..."
"Hyg ဒေါက်တာ့ကိုခေါ်"
Jungkook Hyg ကိုပြောပီး ကောင်လေးအနားသွားကာ နာကျင်နေတဲ့မျက်နှာလေးအားကြည့်မိရင်း
"မစဉ်းစားနဲ့တော့နော် မင်းဒဏ်ရာတွေကပြင်းတယ်ထင်တယ် "
Doctor ရောက်တာနဲ့ ကောင်လေးကို ဆေးထိုးပေးပြီးမှ အိပ်ပျော်သွားသည်...
Jungkook တို့လည်း Doctor နဲ့အတူ အခန်းအပြင်ထွက်လာရင်း
"Doctor လူနာကဘာမှမမှတ်မိဘူးလို့ပြောတယ်"
"ကျွန်တော်လည်းသူသတိရတာကိုစောင့်နေတာ တစ်ကိုယ်လုံးဒဏ်ရာတြွေပင်းထန်ပေမယ့် ခေါင်းကိုထိခိုက်တာအဆိုးဆုံးပဲ တစ်ချို့လူနာတွေက ဒီအခြေအနေကနေ ကျော်ဖြတ်နိုင်ကြတယ် ဒီကောင်လေးကတော့ အတိတ်မေ့ရောဂါရသွားတယ်..သူဘာကိုမှမှတ်မိမှာမဟုတ်ဘူး"
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-2
Comenzar desde el principio
