Tae သပ်ရပ်လှပနေသော အိမ်ကြီးအား တအံ့တသြကြည့်နေရင်း
"ဟို ဒီမှာနေရမှာလား.."
"အင်း ငါနဲ့..."
ချောမောတဲ့လူက ရှေ့ကနေအရင်ဝင်သွားတော့ Tae လည်းအနောက်ကလိုက်လာခဲ့သည်...
ဒီနေရာက ဘာရယ်မသိ Tae နဲ့စိမ်းသက်နေသလိုခံစားရသည်..Tae ဘယ်ကလာခဲ့တာလည်းရယ် မိသားစုအကြောင်းရယ် စဉ်းစားပေမယ့် ခေါင်းပဲကိုက်လာတာသာအဖက်တင်သည်...
ထိုလူကတော့ ပြောပါတယ် Tae အတိတ်မေ့နေတာကြောင့် သူ့အိမ်ခေါ်လာရတာတဲ့...သတိရတဲ့အထိသူနဲ့နေလို့ရပါတယ်တဲ့...ထိုလူ့နာမည်က Jeon Jungkook လို့သိရသည်...
"ကောင်လေး"
"ဟုတ်ကဲ့"
"ဒီအခန်းမှာနေ ဒီလမ်းတိုင်းတိုင်းလျှောက်သွားရင် ထောင့်ဆုံးက ငါ့အခန်း အနားယူလိုက်ဦး ဗိုက်ဆာရင် ရေခဲသေတ္တာထဲမှာ မုန့်တွေရှိတယ် ညနေမှ ညနေစာကောင်းကောင်းချက်ခိုင်းလိုက်မယ် တစ်ခုခုလိုအပ်ရင် လာခေါ်လိုက်နော်"
"ဟုတ်"
Tae အခန်းထဲရောက်တော့ Tae ရဲ့ကျောပိုးအိပ်ထဲက ပစ္စည်းတွေကိုထုတ်ကြည့်မိသည်...စာအုပ်တွေထဲမှာမှ Tae မသိတဲ့စာလုံးတွေနဲ့ရေးထားတဲ့စာအုပ်လေး...Tae ကြိုးစားပြီးစဉ်းစားပေမယ့် ဘယ်လိုမှဖတ်မရခဲ့..သေချာတာက Tae မှတ်မိမှ ကောင်းကောင်းသိနိုင်မှာဖြစ်တာကြောင့် လက်လျော့ကာ အိပ်ဖို့ပြင်ရသည်...
Tae လှဲနေရင်း ကိုလူချောအကြောင်းစဉ်းစားမိတော့ ဘာကြောင့်ရယ်မသိ ဒီလူအပေါ်ရင်းနှီးနေပြီး ဒီလူပြောသမျှယုံကြည်နေမိသည်...ဘာပဲဖြစ်ဖြစ် Tae မမှတ်မိခင်အထိတော့ ဒီလူ့ကိုတတ်နိုင်သလောက်လေးကျေးဇူးဆပ်ချင်မိပါသည်..တစ်ချိန်မှာကိုယ်က ထွက်သွားရမယ့်သူမဟုတ်လား.....
...........
Hello အချစ်တို့ အရမ်းကြာသွားတယ်မဟုတ်လား...သတင်းတွေလုံးဝမကောင်းလို့ အမွန်စာရေးဖို့ဘယ်လိုမှစိတ်မပါလို့ပါ အခုကအရမ်းကြာနေပြီမလို့ ရေးပြီးအပ်လိုက်တာ...ဒီချိန်ဆို ကောင်လေးတွေ Grammay ဆုကြီးရနေပြီလားမသိဘူး လိုင်းတွေဖြတ်ထားတော့မကြည့်ရဘူးရယ်...ဆုရသည်ဖြစ်စေမရသည်ဖြစ်စေ BTS ကအမြဲတောက်ပနေမယ့်ကြယ်လေးတွေပါပဲ...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-2
Start from the beginning
