"ဟို ‌ပြောရမှာအားနာပေမယ့် ကျွန်တော်ကောင်လေးတစ်ယောက်ကို ဆေးလာကုတာ လျှို့ဝှက်ထားပေးလို့ရမလား Doctor"

"အာ ရပါတယ်ဗျ ကျွန်တော်နားလည်ပါတယ် ကျွန်တော်ကိုယ်တိုင်ကလည်း Mr. fan ပါဗျာ"

"အာ ဟုတ်ကဲ့"

Jungkook Doctor ကိုပြုံးပြတော့ Doctor ကလည်း သဘောတကျရယ်ရင်း ထွက်သွားလေ၏...
Hyg က

"Jungkook ဒီကောင်လေး သတင်းတွေ့ပြီးပြီလား မြန်မာနိုင်ငံက လေယျာဉ်ပျက်ကျတဲ့ကျောင်းသားထဲကတဲ့"

"Hyg အခုကြည့်လို့ရမလား အဲ့သတင်း"

Hyg က Ph ထဲက သတင်းတစ်ပုဒ်ကိုဖွင့်ရင်း Jungkook ကိုပြသည်...

သတင်းအပြီးထိကြည့်ပြီးတော့

"Hyg သူ့အိမ်ကစိတ်ပူနေမှာထင်တယ် .."

"Jungkook မင်းက မင်းမဟုတ်သလိုပဲ ဘယ်လိုဖြစ်တာလည်း ရိုက်ကူးရေးရှိတာကို ဖျက်ပြီး.."

Jungkook ကအလုပ်နဲ့ပတ်သတ်ရင်တစ်ခါမှ ပျက်ကွက်သူမဟုတ် အင်မတန်စည်းကမ်းကြီးသည်..ဒီကောင်လေးကိုလာကြည့်ဖို့ ရိုက်ကွင်းတောင်မသွား..

"Hyg သူ့အတွက် Visa လုပ်ထားပေး"

"ဟင် ဘာလုပ်မို့လည်း သူ့ကိုပြန်ပို့မှာမဟုတ်ဘူးလား"

"သူအတိတ်မေ့နေတာကို သူ့ကိုယ်သူတောင်ဘယ်ကမှန်းမသိတာကို ဘယ်လိုပို့ရမလည်း ကျွန်တော်ခေါ်ထားမှာ"

"ဘာ"

Eunhan ခေါင်းကြိမ်းရတော့သည်.. Jungkook ကသာမာန်လူမဟုတ် တစ်နိုင်ငံလုံးရဲ့အသည်း သူဘာလုပ်လုပ်ထောက်ခံတဲ့ Fan ရှိသလို သူဘာမှလုပ်မရအောင် လိုက် Stalk နေတဲ့လူတွေလည်းရှိသည်...

ဒီကောင်လေးကို Jungkook ခေါ်ထားလိုက်ရင် ဖြစ်လာမယ့် ပြဿနာတွေကို မသိတာလည်းမဟုတ်..‌ပြောလို့လည်းရမှာမဟုတ် Jungkook က ‌ပြောတဲ့အတိုင်းလုပ်တတ်တာ သူအသိ...

"ကျစ် ရူးတော့မှာပဲ"

လူနာကောင်လေးအခန်းထဲကနေ ထွက်သွားတဲ့ Jungkook ကျောပြင်ကိုကြည့်ရင်း Eunhan တိုးတိုးသာညည်းတွားမိသည်...

..................

"ကောင်လေး ဒါမင်းနေရမယ့်နေရာ"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now