"ခင်ဗျားကဘယ်သူလဲ"

ပီသစွာထွက်သွားသော Korea စကား...

Jungkook အံ့သြသွားရသည်..ဒီကောင်လေးက သူတို့နဲ့လူမျိုးမတူဘူးလို့သိထားပေမယ့် အခုပြောတဲ့ပုံက သူကပဲ Korea နိုင်ငံသားစစ်စစ်ကြီးကျလို့ရယ်..

"မင်းက Korea လူမျိုးလား ကောင်လေး"

"မသိဘူးလေ"

"ဟင် မင်းဘာဖြစ်ခဲ့တာလဲ မမှတ်မိဘူးလား"

"ဟင့်အင်း"

Jungkook က Taehyung အိပ်ထဲက စာအုပ်တစ်အုပ်ကိုထုတ်လိုက်ရင်း

"ဒါမင်းအိပ်ထဲကတွေ့တာ မင်းသိလား ဒီစာတွေ"

Taehyung ကြည့်မိတော့ သူမသိ..သူရေးထားတယ်ဆို သူသိရမှာပေါ့ တစ်ခုမှမသိ..

"ဘယ်ကလည်း မိသားစုကရော ဘယ်မှာလည်း စဉ်းစားကြည့်ပါလား"

Taehyung စဉ်းစားနေပေမယ့် ခေါင်းတွေသာကိုက်လာရသည်...

"အား ခေါင်းကိုက်တယ် ..."

"Hyg ဒေါက်တာ့ကိုခေါ်"

Jungkook Hyg ကို‌ပြောပီး ကောင်လေးအနားသွားကာ နာကျင်နေတဲ့မျက်နှာလေးအားကြည့်မိရင်း

"မစဉ်းစားနဲ့တော့နော် မင်းဒဏ်ရာတွေကပြင်းတယ်ထင်တယ် "

Doctor ရောက်တာနဲ့ ကောင်လေးကို ဆေးထိုးပေးပြီးမှ အိပ်ပျော်သွားသည်...

Jungkook တို့လည်း Doctor နဲ့အတူ အခန်းအပြင်ထွက်လာရင်း

"Doctor လူနာကဘာမှမမှတ်မိဘူးလို့‌ပြောတယ်"

"‌ကျွန်တော်လည်းသူသတိရတာကိုစောင့်နေတာ  တစ်ကိုယ်လုံးဒဏ်ရာတြွေပင်းထန်ပေမယ့် ခေါင်းကိုထိခိုက်တာအဆိုးဆုံးပဲ တစ်ချို့လူနာတွေက ဒီအ‌ခြေအနေကနေ ကျော်ဖြတ်နိုင်ကြတယ် ဒီကောင်လေးကတော့ အတိတ်မေ့ရောဂါရသွားတယ်..သူဘာကိုမှမှတ်မိမှာမဟုတ်ဘူး"

" Doctor သူကအစက အခြားလူမျိုးဖြစ်ပေမယ့် အခုသတိရတော့ ကျွန်တော်တို့ဘာသာစကားကို‌ပြောနိုင်တာတွေ့ရတယ် အဲ့တာဘယ်လိုအ‌ခြေအနေမျိုးလည်း"

"Mr.Jungkook ‌ပြောသလိုဆို အလွန်ရှားပါးတဲ့အ‌ခြေအနေမျိုးပေါ့...လူနာက အရင်ကဘာသာစကားတွေသင်ယူနေတဲ့ဆိုရင် သူ့ဦးနှောက်ထဲမှာ အလွန်အကျွံစွဲလမ်းတဲ့ဘာသာစကားမျိုးကိုပဲ မှတ်မိပါလိမ့်မယ် ‌ပြောရရင် ကိုယ့်ဘဝ ကိုယ်ဘယ်ကလာတယ်ဆိုတဲ့ Memory အကုန်မေ့ပစ်လိုက်တာမျိုး အခု‌ပြောထွက်လာတဲ့စကားက သူတစ်ချိန်မှာ‌ပြောဖို့အတွက်ရည်ရွယ်ထားပြီး အလွန်အကျွံစွဲလမ်းရာကနေ ထွက်လာပုံရတယ် ကျွန်တော်တို့ ထပ်စောင့်ကြည့်ကြတာပေါ့ တစ်ခုခုထူးခြားရင် Mr.Jungkook ကိုဆက်သွယ်ပါ့မယ်"

💜 I'm Your' Fan 💜(Completed)Where stories live. Discover now