"Jungkook ခုနကအသံက ဒီခြုံပေါ်ပြုတ်ကျတဲ့အသံပဲဖြစ်မယ် Hyg တို့ဆင်းကြည့်ကြမလား"

"ဟုတ်"

Jungkook နဲ့ Manager Hyg အလျင်အမြန်ဆင်းလာကာ ခပ်လှမ်းလှမ်းက မဲမဲသဏ္ဌာန်ရှိရာဆီအပြေးသွားမိသည်..

"Hyg လူလားအဲ့တာ"

"Jungkook ရေ ကူပါဦး ကောင်လေးတစ်ယောက် အသက်တော့ရှုသေးတယ် မြန်မြန်ဆေးရုံအမှီသွားရမယ်"

Manager Hyg နဲ့ Jungkook သွေးတွေအလိမ်းလိမ်းနဲ့ ကောင်လေးကိုယ်ကို မ ကာ ကားထဲထည့်ရင်းအမြန်ထွက်လာခဲ့သည်...ညမှောင်တာရော ဘာရော မျက်နှာလည်းကောင်းကောင်းမမြင်ရ..သွေးတွေနဲ့ကောင်လေးက သတိလစ်နေသည်..အသက်တော့ရှူသေးပုံရသည်..

"Hyg မြန်မြန်မောင်းပါ"

Jungkook စိတ်ပူနေမိသည်...ဘာရယ်မသိ အသက်မဆုံးရှုံးစေချင်..မသိတဲ့သူဖြစ်နေတာတောင်မှ Jungkook ရင်ထဲပူနေရသည်...

Seoul ဆေးရုံကြီးဆီ အမည်မသိကောင်လေးကိုတင်ပေးတော့ ချက်ချင်းခွဲခန်းထဲဝင်သွားသည်.. Jungkook တို့အပြင်မှာစောင့်နေရင်း ကောင်လေး ကျောပိုးအိတ်ကိုဖွင့်ကြည့်ကာ နာမည်လိပ်စာသိလို့သိငြားရှာကြည့်တော့ Jungkook နားမလည်တဲ့စာလုံးတွေရေးထားတဲ့စာအုပ်တစ်အုပ်ရယ်...ကျောင်းသားကဒ်လို ကဒ်ပြားရယ် ပိုက်ဆံအိပ်ရယ် တွေ့ရသည်..

"Hyg သူကဘာလူမျိုးလည်း ဒီစာတွေ ကျွန်တော်မဖတ်တတ်ဘူးရယ်"

နောက်တစ်အုပ်တွေ့တော့ Korea လိုရေးထားတဲ့စာအုပ် Jungkook စာအုပ်အဖုံးပေါ်က နာမည်လေးကိုဖတ်ကြည့်တော့

"TaeTae "(ထယ်ထယ် လို့ Taehyung လေးက အမည်တပ်ထားတာပါ သူ့စာအုပ်မှာ)

ဒီကောင်လေးက TaeTae တဲ့လား...

ကျောင်းသားကဒ်က မျက်လုံးဝိုင်းဝိုင်း လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ ချစ်စရာကောင်လေးပုံကို Jungkook မမှိတ်မသုန်စိုက်ကြည့်ရင်း

...မင်းသက်သာသွားမှာပါနော်....

အဟမ်းယုတ္တိမရှိဘူးမလား...မရှိလည်းဖတ်ပေးကွာ နော့ 🤧

Unicode....

"ထယ်ထယ်"

"ဗျာ မေ.."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now