Jungkook ရဲ့ Euphoria သီချင်းဆို သိပ်ကျော်ကြားသည်...Social Media သိပ်သုံးလေ့မရှိတဲ့ Jungkook က သူ့ဆီနေ့တိုင်း Fan တွေကစာပို့တာတွေကို မဖတ်ဖြစ်..အဲ့ဒီထဲ မြန်မာနိုင်ငံကကောင်လေးတစ်ယောက်လည်းနေ့တိုင်း မဖတ်တဲ့ စာလေးတွေကိုပို့တာ Jungkook သိပါလေစွ....
အခုလည်း Jungkook Brand Ambassador လုပ်သည့် Brand တွေက များတာကြောင့် Concert မရှိရင်တောင် Jungkook ကအမြဲအလုပ်ရှုတ်သည်.. Program တွေထဲပါဝင်ဖို့လည်းကမ်းလှမ်းထားတာတွေနဲ့ နားရတဲ့ရက်သိပ်မရှိ...
ဒါတောင် Ent က Drama လည်းအခွင့်အရေးရရင်ရိုက်စေချင်သေးသည်... Jungkook ကသိချင်တာတတ်ချင်တာရှိရင် ချက်ချင်းတတ်အောင်လုပ်တတ်သူမို့ အရာရာတိုင်းမှာတော်သည်..အားကစားလုပ်ရတာလည်းဝါသနာပါတာကြောင့် အသက် 23 ဆိုပေမယ့် လူကောင်ကအကြီးကြီးရယ်...
ရယ်ရင် ယုန်သွားလေးတွေပေါ်လာတာကြောင့် Fan တွေကချစ်စနိုးနဲ့ ယုန်ဗလလို့ခေါ်တတ်သေးသည်...ခြုံပြောရရင်တော့ Jungkook က Korea နိုင်ငံအတွက်တကယ့်ကို ဆုလာဘ်တစ်ပါးဖြစ်သည်...
အခုလည်းနယ်ဘက် Music video ရိုက်ကူးရေးရှိတာကြောင့် သွားရိုက်ကူးပြီးညနေမှောင်မှ Seoul ကိုပြန်လာနေတာပဲဖြစ်သည်...
Jungkook မျက်လုံးလေးတွေမှိတ်ကာ လိုက်ပါလာရင်း Manager မောင်းတဲ့ကားနောက်ခန်းကနေ မှေးရင်းအနားယူနေမိသည်...တစ်နေကုန်ရိုက်ကူးနေရတာကြောင့် ပင်ပန်းလှသည်...အရှိန်နဲ့ပြေးနေတဲ့ကားက တုံ့ခနဲရပ်သွားတာကြောင့် Jungkook မျက်လုံးတို့ပွင့်လာကာ
"ဝုန်း..."
ဝုန်းခနဲအသံကြီးကြားရတာကြောင့်
"Manager Hyg ဘာဖြစ်လို့လည်း"
"Jungkook ဟိုမှာ"
Manager Hyg လက်ညှိုးထိုးပြရာကြည့်လိုက်တော့ Jungkook တို့ကားနဲ့မလှမ်းမကမ်းမှာပြုတ်ကျလာပုံရတဲ့ လူလိုလိုခန္ဓာကိုယ်တစ်ခု အောက်က ခြုံတွေလိုထူထပ်တဲ့အပင်တွေပေါ်ကျလာပုံရသည်..
"Jungkook ကောင်းကင်ကိုကြည့်.."
Jungkook ကြည့်မိတော့ ယိမ်းထိုးနေတဲ့ လေယျာဉ်တစ်စီး ပျက်ကျတော့မယ့်ပုံရသည်..မှောင်မဲတဲ့ကောင်းကင်အောက် ဟန်ချက်ပျက်ကာ ထိုးကျနေတဲ့လေယျာဉ်ကချောက်ခြားစရာ.. Jungkook ရင်ထဲဝမ်းနည်းသွားရသည်..အဲ့ဒီလေယျာဉ်ထဲ လူတွေဘယ်နှစ်ယောက်တောင်ပါသွားသလဲလေ...
DU LIEST GERADE
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-1
Beginne am Anfang
