"အို တော်ပါပြီ သားသာကျန်းမာရေးဂရုစိုက် သွားသွားနောက်ကျနေမယ်"

"ဟုတ်မေ တာ့တာ"

................

Taehyung တို့ ရောက်ကတည်းက ခနနားပြီး Hotel အနီးအနားလမ်းလျှောက်သွားကြသည်.. Taehyung ရင်ထဲတော့ အေးချမ်းတဲ့နိုင်ငံအပြင် လမ်းတစ်လျှောက်တွေ့ရတဲ့ Jungkook ပုံတွေကြောင့် ရင်ထဲကျေနပ်နေမိကာ မောရမှန်းတောင်မသိပေ...

နောက်ရက်မှာတော့ Korea နန်းတော်ထဲလျှောက်လည်ဖြစ်သည်... Taehyung လည်း Korea စကားကိုအသွက်ကြီးမဟုတ်ပေမယ့် ပြောတတ်ပါသည်...Drama တွေထဲကလို အစားအသောက်တွေပါ လျှောက်ဝယ်စားကြသည်..

Bus ကားစီးပြီး မြို့ကိုလျှောက်ပတ်ကြည့်ကြသည်...ဟန်မြစ်လို့ခေါ်တဲ့ Korea ရဲ့အထင်ကရမြစ်ဘေးမှာလည်းလမ်းလျှောက်ကြသေးသည်...တကယ်ကိုစိတ်ကူးထဲကအတိုင်း လာချင်တဲ့နိုင်ငံက ရာသီဥတုအေးနေတာတောင် နှလုံးသားထဲနွေးစေသည်...

Jungkook ကတော့ ရိုက်ကူးရေးရှိတာ‌ကြောင့် Concert မရှိဘူးလို့သိရသည်...Concert ရှိရင်လည်း Taehyung ကမရရအောင်သွားဖို့ဆုံးဖြတ်ထားသေးသည်..အခု‌တော့ သူနဲ့မတွေ့ရပေမယ့် သူနေတဲ့နိုင်ငံ သူကြီးပြင်းတဲ့မြေမှာ ကိုယ်ရောက်နေတယ်ဆိုတဲ့အသိလေးနဲ့ပဲကျေနပ်ရသည်...

3 ရက်ပြီး‌လို့ ပြန်မယ့်ညရောက်လာပြီ ဘာလိုလိုနဲ့ Taehyung ရင်ထဲဝမ်းနည်းမိသည် မပြန်ချင်သေးပေ...ဒါပေမယ့် သူဒီနှစ်ဘွဲ့ယူပြီး စကားပြန်ဖြစ်အောင်ကြိုးစားပြီးမှ ထပ်လာမည်..

အခုတော့ နှုတ်ဆက်ရဦးမယ်ပေါ့ Korea ရေ....

.............

Jungkook ...

အဖေတစ်ယောက်ပဲရှိသည်....မေမေကတော့ငယ်ငယ်တည်းကဆုံးပါးသွားခဲ့သည်...တစ်ဦးတည်းသောသေားဖြစ်ကာ ငယ်ကတည်းက အဆိုတော်ဖြစ်ချင်တာ‌ကြောင့် ဝါသနာနောက်လိုက်ရင်း အခုဆို Korea တင်မက ကမ္ဘာကပါ Jeon Jungkook ဆိုတဲ့အမည်ကိုသိလာသည်..

ချောမောတဲ့ရုပ်ရည်‌ကြောင့် International Sexies Man အဖြစ်ကျော်ကြားသည်..အခုထိ Dating New မထွက်သေးတဲ့ 23 နှစ်အရွယ် အဆိုတော်ကောင်လေး..ကမ္ဘာကျော်အဆိုတော်တွေနဲ့လည်းသီချင်းတွေတွဲဆိုသေးသည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now