"ဒီည ကိစ္စမှာခါတိုင်းထက်
ပိုပြီးသတိဝိရိယရှိပါ....
သွားတော့...အချိန်နီးပြီ.."

ထိုလူကြီးရဲ့သြဇာသံညောင်း
တဲ့စကားအဆုံးမှာ ဆယ်ဟွန်း
ဆေးတံဖွာရင်းမျက်စိမှိတ်လို့
မှိန်းနေတဲ့ Mr ကိုခါးကိုင်း
အရိုအသေပေးပြီး ကျွန်းတံခါးကြီးကိုအသာဆွဲဖွင့်လို့ထွက်လာ
လိုက်သည်....။

"ဟူး....."

ဒီညအရောင်းအဝယ်လုပ်ရမယ့်
ဆေးပမာဏကခါတိုင်းနဲ့ယှဉ်ရင်
အများကြီးပိုတယ်...။
ခါတိုင်းလိုသာဆို ဆေးထုပ်ကို
အင်္ကျီအတွင်းအိတ်ထဲမှာထည့်ပြီး
လမ်းကြားတွေထဲရောင်းနေကျ
ဆိုပေမယ့်.....ခုကအဖွဲ့ကို
ဦးဆောင်ပြီးသွားရမှာဖြစ်သည်။
ဆေးတွေကကုန်တင်ကား
နဲ့သုံးစီးအပြည့်ဖြစ်တာကြောင့်..။
ကြာတော့လည်းဒီအလုပ်ကို
ငြီးငွေ့လာပြီ....။
ငြီးငွေ့တယ်ဆိုတာထက်ဒီလို
တရားမဝင်အလုပ်တွေကိုမလုပ်
ချင်တော့တာ..။
အဲဒီလိုဆိုဦးတော့ ကိုယ်ကဒါပဲ
လုပ်တတ်တာဆိုတော့လည်း..။
ဘယ်တတ်နိုင်ပါ့မလဲ..။
ကံစီမံရာအတိုင်းပဲပေါ့...။

°°°°°

ညအချိန်မဲမှောင်နေတဲ့
ကောင်းကင်ပြင်ကြီးအောက်ဝယ်
တဝုန်းဝုန်းလှိုင်းရိုက်ခတ်သံတွေ
နဲ့ဆူညံနေသောပင်လယ်ပြင်ကြီး။
ထိုပင်လယ်ကြီးရဲ့အနီးမှာရှိနေတဲ့
ဂိုဒေါင်ကြီးတစ်လုံးက လရောင်အောက်တွင်တစ်ကိုယ်တည်း
အထီးကျန်ဆန်နေသယောင်..။
ဂိုဒေါင်အထဲမှာဂိုဏ်းသားတစ်ချို့
ရှိနေကြသည်...။
အပေါက်ဝမှာစောင့်ကြည့်နေသောသူရှိသလိုဂိုဒေါင်အတွင်း
စောင့်ကြည့်နေသူများလည်း
ရှိသည်....။
အကုန်လုံးကဝတ်စုံပြည့်နဲ့..။
အဲဒီထဲမှာမှအနက်ရောင်ဂျာကင်
ကြီးဝတ်ပြီးအများတကာနဲ့ကွဲထွက်နေသူကအိုဆယ်ဟွန်း
တစ်ယောက်တည်း...။
အိုဆယ်ဟွန်းဆိုတာရှုပ်ရှုပ်ယှက်ယှက်တွေကိုတအားမုန်းတဲ့လူ။
တခြားတွေတွေးမနေနဲ့ဦး...
အဝတ်အစားတောင် suit အပြည့်နဲ့ဆိုရင်ကျပ်ကျပ်ကြီးနဲ့
နေရထိုင်ရလည်းမသက်သာလို့
ဆိုပြီးဘယ်တော့မှဝတ်စုံပြည့်
မဝတ်ဘူး..။
Mr ဆိုတဲ့လူကြီးကလည်းသူ့
တစ်ယောက်ကိုပြောမနိုင်လို့
လွှတ်ထားရတာ...။
ခုလည်း ဂျာကင်အမဲ ဘောင်းဘီ
အမဲ ဘွတ်အမဲနဲ့ တစ်ကိုယ်လုံး
အနက်ရောင်တွေအပြည့်နဲ့..။
သစ်သားပုံးတစ်ခုပေါ်ထိုင်ပြီး
စီးကရက်တစ်လိပ်ကိုဖွာနေတာ။
သူတစ်ချက်ရှိုက်တိုင်း မီးနီနီက
ရဲခနဲ ရဲခနဲ..။
နှုတ်ခမ်းဝကဆေးလိပ်ကိုဖယ်ပြီး
အငွေ့တွေကိုမှုတ်ထုတ်လိုက်သည်...။
မျက်စိရှေ့ကအဖြူရောင်အငွေ့
လေးတွေကိုကြည့်ပြီးအားကျ
မှုတွေဖြစ်ရသည်....။
သူတို့လေးတွေကိုဘယ်သူကမှ
ဖမ်းဆုတ်မထားနိုင်ကြဘူး..။
သူတို့သွားလိုရာကိုပျော်ပျော်ပါးပါး
လွင့်ပျံသွားကြတယ်...။
အိုဆယ်ဟွန်းစီးကရက်သောက်ရခြင်းအကြောင်းအရင်းက
အဲ့ဒါပဲ...။
သူမပိုင်ဆိုင်ဖူးတဲ့လွတ်လပ်ခြင်း
တွေကို စိတ်ကူးနဲ့ဖြစ်ဖြစ်
ခံစားကြည့်ချင်လို့....။
စီးကရက်သောက်တဲ့အချိန်တွေ
တိုင်းမှုတ်ထုတ်လိုက်တဲ့အငွေ့
လေးတွေကိုကိုယ်တိုင်လို့
သတ်မှတ်ပြီးတွေးတယ်...။
အဲဒီလိုအချိန်တွေမှာ စိတ်ထဲအရမ်းလွတ်လပ်ပြီးနေလို့ကောင်း
တယ်...။
တကယ်မဖြစ်နိုင်ဂင်တောင်
စိတ်ကူးနဲ့တော့တွေးလို့ဖြစ်တယ်
မလား....။

မင်း!...[COMPLETED]Where stories live. Discover now