'' အင်း~ ၁၅ နှစ်တည်းက တော်တော်ဂနာမငြိမ်နေတာ ~ ''

Alex ၏ဖျတ်ဖျတ်လူးနေမည့်ပုံစံကိုတွေးကာ Baekhyun ထောပနာပြုလိုက်သည်။

'' အိပ်ရင်လည်း ကိုယ့်အခန်းမှာပဲအိပ်တာ ''

'' ဘာ !! အခုထိ အတူအိပ်တာလား? ''

'' သူ ၁၈ နှစ်ပြည့်တော့မှ သူ့အခန်းမှာသူအိပ်တယ် ''

'' အဲ့တော့ အရင်တုန်းက Alex ကို သီချင်းဆိုပြပြီး ရင်ခွင်ထဲထည့်သိပ်ပြီး ဖက်အိပ်တာပေါ့ အဲ့လိုလား? ''

'' ကုတင်ခြေရင်းမှာ စောင်ခင်းပြီးအိပ်တယ် ''

သူအလိုချင်ဆုံးအဖြေဖြစ်တာကြောင့်
Baekhyun နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်၊
ဘာပဲပြောပြော Alex ကိုနှိမ်ဖို့ တစ်ကွက်ရပြီ
ဖြစ်တာကြောင့်ပင်။

'' ခင်ဗျား Alex တို့ သားအမိကို မမုန်းဘူးလား ? ''

'' ဟင့်အင်း မမုန်းပါဘူး၊
လူတစ်ယောက်ကိုမုန်းရတာ ပင်ပန်းတယ်Kyoong ရဲ့၊
အမြဲ ပူလောင်နေရတယ် ''

'' ဟုတ်တယ် ဟုတ်တယ်! ခင်ဗျားပဲ သူတော်ကောင်း
  ကျွန်တော်ကတော့ အပူသည် ''

Baekhyun ကအငေါ်တူးတော့ Chanyeol
အသံထွက်တဲ့အထိ ရယ်မောမိလိုက်သည်။

'' Kyoong ကရော ဘယ်သူ့ကိုမုန်းလဲ? ''

'' ကျွန်တော်မုန်းတာတော့ လူတွေတပြုံကြီးပဲ အဓိကကတော့ ခင်ဗျားတို့မိသားစုကိုပဲ၊ ကျွန်တော့်ကို scholarshipလုံးဝ မပေးဘူးလို့ပြောတဲ့ ခင်ဗျားအဖေကိုလည်း မုန်းတယ်၊ ပန်းပွင့်လေးတစ်ပွင့် ခူးမိတာကို သူခိုးလို့စွပ်စွဲဖူးတဲ့ ခင်ဗျားအမေကိုလည်းမုန်းတယ်၊ တစ်ဆိတ်ရှိ ကျွန်တော့် မိသားစုအကြောင်းတွေကို မဟုတ်မမှန် သားပုပ်လေလွင့်ပြောတဲ့Alex ကိုလည်းမုန်းတယ်၊ မတူသလိုမတန်သလို ဆက်ဆံတဲ့ ကျောင်းကလူတွေကိုလည်းမုန်းတယ်၊ ကျွန်တော်ဈေးသွားဝယ်ရင် ဘယ်တော့မှ မရောင်းတဲ့ ဈေးဆိုင်ကအဒေါ်ကြီးကိုလည်း မုန်းတယ်၊
ကျောင်းကို ပြဿနာလာရှာသွားတဲ့ ပထွေးရဲ့အရင်မိန်းမကိုလည်းမုန်းတယ် ''

တစ်သီတစ်တန်းကြီး ပြောပြီးသည့်နောက်မှာ
Baekhyun မောသွားသည့်ဟန် အသက်လုရှူနေသည်။

HIGER [COMPLETED] Where stories live. Discover now