သို့သော် လူကြီးဖြစ်တဲ့သူကိုယ်တိုင်ကအစ
ပူဆွေးနေရင် ကလေးသာသာအရွယ်လောက်လေး
ဖြစ်တဲ့ Alexကိုချော့မော့လို့ရမည်မဟုတ်။

အတွင်းကြေဆိုတာ ဒီလိုမျိုးအဖြစ်ကိုခေါ်ခြင်းပင်ဖြစ်သည်။

" ဘယ်လိုလုပ်ရမလဲ Daddy
ကျွန်တော်ဘယ်လိုလုပ်ရမလဲ? "

ပြာယာခတ်နေသောAlexကိုကြည့်ကာ
CEO Park ၏ခေါင်းထဲမှာမကောင်းသော
အကြံအစည်တစ်ခုက ဝင်ရောက်လာသည်။

" အမှတ် လဲမယ် ''

" ဟင် ဘာကိုဆိုလိုတာလဲ? "

" သချာၤဖြေနိုင်တဲ့သူရဲ့အဖြေလွှာနဲ့
သားရဲ့ အဖြေလွှာနဲ့ကိုလဲလိုက်ရင်ရပြီလေ ..
စာမေးပွဲမဖြေနိုင်ရင် ဖြေနိုင်တဲ့သူရဲ့
နေရာမှာ အခန့်သားအမှတ်ယူရုံပဲပေါ့ ''

CEO Park ၏စကားကိုသဘောပေါက်သွားသည့် Alex၏နှုတ်ခမ်းများသည် လှုပ်ရှားသွားပြီး
မလှမပပြုံးလိုက်သည်။

အဖြေလွှာစစ်မည့်ဆရာမတစ်ယောက်ယောက်ကို
လာဘ်ထိုးလိုက်ရင် အဆင်ပြေသွားမည်ဖြစ်သည်။

Park Group ကသားက scholarship
စာမေးပွဲမှာ တခြားသူကိုရှုံးနိမ့်တယ်ဆိုတာ
လူကြားမကောင်းသည့် ကိစ္စကြီးဖြစ်သည့်အပြင်
Park Group မှာအလုပ်ဝင်နိုင်ဖို့အတွက်၊
Chanရဲ့အနားကို ရောက်နိုင်ဖို့အတွက်၊
Byun Baekhyun ကိုအနိုင်ရဖို့အတွက်
ဒီ Scholarship ရကိုရမှဖြစ်မည်။

...

" ဒုန်း! "

ကျောင်းချိန်နောက်ကျသည့်ရလဒ်ကြောင့်
ဖုန်အလိပ်လိပ် တက်နေသည့်
စာသင်ခန်းတစ်ခန်းကိုBaekhyun
တစ်ယောက်တည်းသန့်ရှင်းရေးလုပ်နေရသည်။

တံမြက်စည်းတွေ ဂေါ်ပြားတွေကိုတဒုန်းဒုန်း
တဒိုင်းဒိုင်းလုပ်နေလိုက်တော့အခန်းရှေ့က
ဖြတ်သွားသည့် ကျောင်းသားကျောင်းသူတွေက
သရဲသရဲဆိုပြီးအော်ဟစ်ကာ ပြေးသွားကြသည်။

ရေတွေရွှဲအိုင်နေသည့် ကြမ်းခင်းပေါ်မှာ
ဆောင့်အောင့်ကာ လမ်းလျှောက်နေရင်း
ခြေချော်ကာ လဲကျလုမတတ်ဖြစ်သွားတာကြောင့်
Baekhyun ကခပ်တိုးတိုးဆဲရေးလိုက်သည်။

HIGER [COMPLETED] Wo Geschichten leben. Entdecke jetzt