" ပါးစပ်ဟရဲဟကြည့်စမ်း!
ခေါင်းကွဲအောင် ရိုက်ပစ်မယ် ''

" သွေးတွေတစ်စက်တစ်စက်ကျနေတဲ့
ပုံစံကြီးနဲ့ ကျွန်တော်ဒီရုံးခန်းထဲကနေ
ထွက်သွားမယ်ဆိုရင် လူတွေအကုန်လုံးက
အန်ကယ့်ကို ဝိုင်းပြီးလက်ညှိုးထိုးကြမှာ
အသေအချာပဲ.. CEO Parkကသူ့သားအရွယ်
ကျောင်းသားလေးတစ်ယောက်ကို ညှင်းပန်း
နှိပ်စက်ပါတယ်ဆိုပြီး.. ''

Chanyeol အဖေ၏လက်တွေသည်
လေထဲတွင်ရပ်တန့်နေရာက တပ်ဆုတ်သွားပြီး
စိတ်ကိုအဆုံးစွန်ထိ လျှော့ချလိုက်သလို
ပုံစံမျိုးဖြင့် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

" မင်းက တကယ့်ကိုပဒိုင်းသီးလိုကောင်လေးပဲ ''

" ပြန်တော့မယ်ဗျာ
ကျွန်တော် Scholarship စာမေးပွဲဖြေဖို့
ပြင်နေတာ အလုပ်တွေရှုပ်နေတယ်။
စာတွေလည်း ကျက်ရဦးမယ် ''

" ဦးနှောက်အခြောက်ခံပြီး စာကျက်မနေပါနဲ့။
အန်ကယ်က ကိုယ့်သားလိုသဘောထားပြီး
အကြံပေးတာပါ။ ဘာလို့လဲဆိုတော့
Park Group ကပေးမဲ့ scholarshipက
Byun Baekhyun ဆိုတဲ့လူနဲ့မထိုက်တန်လို့ပါ။
အမှတ်အများဆုံးဖြစ်နေရင်တောင်
Byun Baekhyun ဆိုတဲ့သူကို
Scholarship လုံးဝလုံးဝမပေးပါဘူး ''

" ဘာကို ဆိုလိုတာလဲ?
ကျွန်တော့်ကိုမပေးဘူးဆိုတော့ Park Alex
ကိုပေးမှာမလား? "

" မင်းကဘယ်ဆိုးလို့လဲ  ဉာဏ်ပြေးသားပဲ ''

Baekhyun သည်မျက်နှာသည်
ငြိမ်သက်နေသောကန်ရေပြင်ပမာ
ချက်ချင်း တည်ကြည်သွားပြီးတစ်စုံတစ်ခုကို
လေးလေးနက်နက်တွေးနေလေသည်။

" ဒါဆို တခြားကျောင်းသားတွေအတွက်လည်း
ဘယ်တရားပါ့မလဲ? scholarship စာမေးပွဲက
လုပ်ပွဲကြီးပဲ Park Alex ကို scholarship
ပေးချင်လို့ တမင်ကျင်းပနေတာကြီး ''

" သိရင်လည်း ဝင်မဖြေနဲ့တော့လေ
Byun Baekhyun shi -ပြီးတော့
Chanyeol ဆီမှာ Alexကိုလုပ်ငန်း
အတွေ့အကြုံတွေသင်ခိုင်းမှာ သိလား
Alex နဲ့အနေနီးရင် Chanyeolလည်း
စိတ်ပြောင်းသွားမှာပါ ''

" တစ်အိမ်တည်းမှာနေနေတာတောင်
မနီးစပ်တဲ့ သူတို့နှစ်ယောက်ကို တစ်ရုံးတည်းမှာ
ထားတော့ရော နီးစပ်လာမယ်လို့ထင်နေတာလား? "

HIGER [COMPLETED] Where stories live. Discover now