9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု

Começar do início
                                    

"ဟျောင့် သြဇာကောင်း သူငယ်ချင်းလုပ်ရအောင် "
တယ့်။

ကောင်းကတော့ နောက်လှည့်မကြည့်ပဲ လက်ကိုokပုံ မြှောက်ပြသွားလေ၏။ ကျော်ခန့်က ဝေယံ့နားသွားကာ တစ်ခုခု ပြောလိုက်တယ့်အခါ ဝေယံကခေါင်းညိတ်ပြ၏။ နောက်ပြီး ကျော်ခန့်က တစ်ခန်းလုံးဘက်မျက်နှာမူပြီးပြောလိုက်တယ့်စကားက

"ဟေ့ နင်တို့တွေ ခုနဖြစ်တယ့် ကိစ္စ ဆရာမ မတိုင်နဲ့ နော် ။မရှိခဲ့ သလိုပဲထားလိုက်တော့" တယ့်လေ။

❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

သာ အခု နောက်ပိုင်းပို၍ပင် သြဇာကောင်းကိုလန့်လာ၏။ မလန့်ပဲနေမလား။ ရင့်ခက် ကျောင်းမတက်တယ့် ၂ရက်အတွင်းမှာ သြဇာကောင်းနဲ့ သာ့အကြားကိစ္စတစ်ချို့ရှိခဲ့၏။တစ်ချို့မဟုတ်ပါဘူး တော်တော်များများပါပဲလေ။ သာ့ကိုသူ နှောင့်ယှက်နေသလိုပဲ။ဒါတောင်ရင့်ခက်ကခွင့်တစ်ပါတ်ယူမှာသည့်လေ။သာတော့ညစ်တာပဲ။ ရင့်ခက် ဘိုးဘိုးက ရန်ကုန်မှာ ဆုံးသွားသည်တယ့်လေ။ ရင့်ခက်မိဘတွေကိုယ်တိုင်ကျောင်းမှာလာတိုင်ကြားသည့်အတွက် ဆရာမကခွင့်ပြုချက်ပေးထားသည်တယ့်။

"သာ ယဥ် ကျေး "

"ဟင်" သာ့ခြေလှမ်းတို့ပင်တုန့်သွားရလေသည်။ဒါဟိုကောင် ။သြဇာကောင်း။ဟုတ်တယ် သူ့အသံ။ နေပါဦး သာကဘာလို့ရပ်နေရမှာလဲ ။ဟုတ်တယ်။ သာ့အတွေးနဲ့သာ စိတ်ကိုပြန်တင်းပြီး ရှေ့သို့ဆက်အလျှောက်။

"သာ ယဥ် ကျေး "

"အို အမေ့ "

ရှေ့က ကောင်မလေးက သူခေါ်သော်လည်းလှည့်မကြည့်သည့်အပြင် အရေးမလုပ်ပဲဆက်သွားနေ၍ သူမလေးရဲ့ကျောပိုးအိတ်လေးကိုစောင့်ဆွဲလိုက်တော့ သူမလေးက သူ့ဘက်ကိုယိုင်ခနဲ။

"ဟေ့ ခေါ်ရင်ထူးရတယ်ဆိုတာမသိဘူးလား ဘာလို့လှည့်မကြည့်တာလည်း "

ကိုယ်က ပုံမှန်ပြုံးပြုံးလေးပြောတာဆိုပေမယ့် ရှေ့ကကောင်မလေးကတော့ ရောဂါကပ်ဆိုးကြီးကို တွေ့လိုက်ရသလို ကြောက်ရွံ့နေဟန်လေး။ ကျစ် ဘာလဲဟ။စကားပြောတာနဲ့ အဲ့လိုဖြစ်စရာလိုလို့လား။သြဇာကောင်းဆိုတာ ကောင်မလေးတွေရဲ့ Heroတစ်ယောက်အဖြစ်အမြဲစိတ်ကူးယဥ်ခံရတယ့်ကောင်ဆိုလည်းမမှားပေ။ကိုယ့်ကိုကိုယ်ပြောတာမဟုတ်ပေမယ့် ချောမောတယ့်ရုပ်ရည်လည်းရှိတာပဲ။သူမကတော့မတူ။သရဲသဘက်ကိုတွေ့တာလည်းမဟုတ် မင်းသားလေးကိုများ။😅😅

A mysterious love story (Completed)Onde histórias criam vida. Descubra agora