8.ဘုရားရေ ရန်ပွဲလား

Start from the beginning
                                    

"အင်း မတက်သေးဘူး နာရီဝက်လောက်လိုသေးတယ် ဘာလို့လဲ ရင့်ခက်"

"အဟင်း ကျောင်းပထမဆုံးနေ့မို့ မနက်စာ မစားခဲ့ရလို့ အဲ့ဒါ"

ရင့်ခက်ကပြောရင်း ဗိုက်လေးကိုပွတ်ပြတော့ မှ

"သြော် ဒါဆို သာ ကျောင်းမုန့်စျေးတန်း လိုက်ပို့ပါ့မယ် "
မုန့်စျေးတန်းသို့ အသွားလမ်းမှာ သာတို့၂ယောက် စကားဖောင်ဖွဲ့မိ သည်။ သာက တော်ရုံလူနှင့် မခင်တတ်သလို တော်ရုံလူနှင့်လည်း စကားသိပ်မပြောပေ။အထူးသဖြင့် ယောက်ျားလေး တွေ။

"သာ့ကိုလေ ရင့်ခက် မြင်မြင်ချင်းခင်သွားတာ သိလား ။သာ့ဘေးမှာ တခြားသူတွေ မရှိသေးပါနဲ့ဦးလို့တောင် ရင့်ခက်ဆုတောင်းထားရတာ"

"သာလည်း ရင့်ခက်ကိုခင်ပါတယ်နော် "

"ဟုတ်ပါပြီ ရင့်ခက်တော့ ကံအချီကြီး ကောင်းတာပဲ။ ပထဆုံးနေ့မှာပဲ သာ့လို ရုပ်ချောသဘောကောင်းတယ့် သူငယ်ချင်းရသလို ကောင်းနဲ့လည်း တစ်ခန်းထဲကျတယ်"

အပြုံးနဲ့ပြောနေသော ရင့်ခက်ကိုကြည့်ကာ သာ့ရင်ထဲ စပ်စုချင်စိတ်လေးပေါက်သွားရသည်။

"ရင့်ခက်နဲ့ သြဇာကောင်းက "

"ရင့်ခက်တို့က ငယ်ငယ်ထဲကခင်ခဲ့တာလေ ။ပြောရမယ်ဆိုရင် ရင့်ခက်မေမေနဲ့ ကောင်းအမေတို့က သူငယ်ချင်းတွေလေ။ရင့်ခက်တို့ မန္တလေး ကိုပြောင်းရာမှာလည်း ကောင်းမိဘတွေက အများကြီး ကူညီပေးထားတာ။ဒီကျောင်းမှာ ကောင်းတက်လို့ ရင့်ခက်ပါထားလိုက်တာ။တစ်ခန်းထဲကျမယ်လို့တော့ မထင်ထားဘူးလေ အဟင်း"

"သြော် အဲ့လိုလား"

" အင်း သာကဒီကျောင်းမှာတက်တာကြာပြီဆိုတော့ ကောင်းနဲ့မခင်ဘူးလား ခုနက စကားမပြောသလိုပဲ"

"အဟင်း ဟုတ်တယ် သာက အပေါင်းသင်းနည်းတော့ သြဇာကောင်းနဲ့ မခင်မိဘူး "

"အခုမခင်ပေမယ့် နောက်ခင်ရင်ခင်မှာပေါ့ ရင့်ခက်နဲ့သူငယ်ချင်းဖြစ်သွားပြီဆိုတော့ "

ရင့်ခက်စကားအဆုံး သာမျက်လုံးပြူးသွားရသည်။ဟုတ်သားပဲ ။ရင့်ခက်နဲ့ ပတ်သတ်ပြီး ခင်မင်လာရင်ရော။မဖြစ်ဘူး ။ သာ သူနဲ့ မခင်ချင်ဘူး ။

A mysterious love story (Completed)Where stories live. Discover now