...

" ဟိတ်ကောင်လေး မင်းကိုအန်တီပြောစရာရှိတယ် ''

ခါတိုင်း ကျောင်းသွားနေကျအချိန်တိုင်း
တွေ့ရခဲသည့် ဘေးအိမ်ကအဒေါ်ကြီး တစ်နည်းအားဖြင့် Park Chanyeol ၏အမေက
Baekhyun လွယ်အိတ်လွယ်ပြီးအိမ်ထဲကနေ
ထွက်လာတာနဲ့ချက်ချင်း ဆီးကြိုကာ
ဟန့်တားလိုက်လေသည်။

" ဒါဆို  ခဏစောင့် ''

Baekhyun ကလက်ထဲမှာကိုင်ထားတဲ့
ပေါင်မုန့်ကို ပါးစပ်ထဲသို့အတင်းထိုးသွတ်လိုက်ပြီး
ဘေးလွယ်အိတ်ထဲမှာထည့်ထားသည့် ရေဘူးကို
ထုတ်ကာသောက်လိုက်လေသည်။

စကားပြောဖို့အရေး မုန့်စားသောက်နေသည့်
Baekhyunကြောင့် Chanyeolအမေက
လက်ပိုက်ကာ မကြည့်ချင်ကြည့်ချင်ဖြင့်ဒီတိုင်း
ရပ်ကြည့်နေရလေသည်။

" ပြီးပြီလား ပြောလို့ရပြီလား? "

Chanyeol အမေ၏အသံတွင် စိတ်မရှည်မှုက
ငါးဆယ်ရာခိုင်နှုန်းလောက်ပါလာပြီး အမြင်မကြည်မှု
ကလည်း ငါးဆယ်ရာခိုင်နှုန်းလောက်အချိုးကျကျ
ပါဝင်နေလေသည်။ သူခန့်မှန်းတာမမှားဘူးဆိုရင်
Park Chanyeol အမေသည် သူ့သားနဲ့
လမ်းခွဲပေးရန် ပြောလိမ့်မည်။ထိုအကြောင်းအရာကို
ရိပ်မိသည့်Baekhyun ကပဲChanyeolအမေ
ဘာမှမပြောရသေးခင် သူကဦးအောင်အရင်ပြောလိုက်သည်။

" ငါ့သားနဲ့ လမ်းခွဲပေး။
ငါ့သားရဲ့ရှေ့ရေးကို မဖျက်ဆီးပါနဲ့။
မင်းကြောင့် Chanyeolရဲ့အနာဂတ်က
ကမောက်ကမတွေဖြစ်တော့မယ်..

အဲ့လို ပြောမှာမလား အန်တီ ?  ''

ပြောဖို့ရွယ်ထားသည့်စကားတွေကို
ဟန်တစ်လုံးပန်တစ်လုံးဖြင့် rap ရွတ်သလို
တရစပ်ရေရွတ်ပြသွားတဲ့Baekhyun ကြောင့် Chanyeolအမေက ဘာမှပြန်မပြောနိုင်တော့။

" အန် အန်တီတို့ လမ်းထိပ်က ကော်ဖီဆိုင်ကို
သွားရအောင် Baekhyun? "

Baekhyun က လွယ်အိတ်ကြိုးကို
ဆောင့်ချလိုက်ပြီး Chanyeol၏အမေကို
မျက်လုံးများမှေးစင်းကာငုံ့ကြည့်လိုက်သည်။

" ဒီလောက် အေးလှတဲ့ရာသီဥတုကြီးမှာ
ကော်ဖီဆိုင်ကိုလိုက်ပြီး မျက်နှာကိုရေနဲ့
အပက်ခံရအောင်ကျွန်တော်က ရူးနေတာမှ
မဟုတ်ဘဲ ''

HIGER [COMPLETED] Where stories live. Discover now