" ဒါနဲ့ အကောင်းပကတိရှိတဲ့ဖုန်းက
ဘယ်လိုလုပ်ပြီး ပျက်သွားတာလဲ Alex? "

Alexက Chanyeolရဲ့အဖေကို
မော့မကြည့်ဘဲ ခေါင်းငုံ့လျက်အနေအထားနဲ့ပင်
အံကိုကြိတ်ကာ ပြန်ဖြေလိုက်သည်။

" လူလို့မခေါ်ထိုက်တဲ့ သတ္တဝါလေးလုပ်တာ!
ကြမ်းပြင်ပေါ် ပစ်ပေါက်ပြီးဖိနပ်နဲ့ပါတက်နင်းပစ်တာ!
ကျက်သရေ တကယ်တုံးတယ် ''

" ဘယ်လို? သူများဖုန်းကိုဖိနပ်နဲ့တက်နင်းတယ် !
စရိုက်ခပ်ဆိုးဆိုးတွေပဲ။ မိဘဖြစ်သူကမသွန်သင်
မဆုံးမထားဘူးထင်တယ် ''

Chanyeol ရဲ့အဖေနဲ့ Alexက
အတိုင်အဖောက်ညီညီဖြင့် တစ်စုံတစ်ယောက်သော
သူကိုရည်ညွှန်းပြီးပြောဆိုနေကြတာကြောင့်
Chanyeol၏မျက်နှာသည် ချက်ချင်းပင်
ခက်ထန်သွားလေသည်။

" Chanyeol ဒီညနေ မင်းအမေကိုပါ
ညနေစာအတူတူစားဖို့ဖိတ်လိုက်..
သူ့ယောကျာ်းကိုခေါ်ချင်ရင်လည်းခေါ်ခဲ့လို့ပါ
ပြောလိုက်။ ''

Chanyeol အပါအဝင် Alexနဲ့
Alex ရဲ့အမေကပါ Chanyeolအဖေ၏
မရှင်းမလင်းစကားကို သဘောမပေါက်စွာ
ဝိုင်းကြည့်နေကြလေသည်။

" သားကို နေရာချပေးဖို့ကိစ္စလေ..Chanyeolရဲ့
သားအမေကိုအသိပေးချင်တာလည်းပါတယ်
နှစ်ဖက်မိဘတွေ့ဆုံပွဲပေါ့ ဟားဟား ''

ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသဘော
ပေါက်သွားသည့် Alex ကတော့ပြုံးနေပြီး Chanyeolကတော့ဘာမှမဖြစ်သလို
ပုံစံဖြင့်သာ အပြုံးမပျက်နေနေသည်။

တိုင်ပင်မည့်အဆင့်တောင်မဟုတ်ဘဲ
အသိပေးမည်ဟုဆိုကတည်းက
CEO Park သည် Alexနဲ့သူ့ကို
နေရာချပေးမည့်ကိစ္စကို အမေဖြစ်သူအား
အကြောင်းကြားရုံအဆင့်ထက်မပိုကြောင်း
အလိုလိုရိပ်မိလိုက်သည်။

အမေဖြစ်သူကကန့်ကွက်သည်ဖြစ်စေ၊
လက်ခံသည်ဖြစ်စေ Chanyeolကတော့
Alexကိုလုံးဝ လက်ထပ်မည်မဟုတ်။

" ညနေခြောက်နာရီအရောက်
Mono Restaurant ကိုအရောက်လာခဲ့နော်
Chanyeol ''

သြဇာငြိမ့်ညောင်းလှသည့် အဖေဖြစ်သူ၏
မျက်ဝန်းတွေကိုChanyeolကစူးစိုက်
ကြည့်ပြီးမှ တည်ငြိမ်ပါးနပ်စွာပြုံးပြလိုက်သည်။

HIGER [COMPLETED] Место, где живут истории. Откройте их для себя