ထို့​ကြောင့်​ သဘာဝကျစွာ ရှန့်​အာ့ထင်​သည်
ဝိတ်​ကျသွား​သောရှီကျင်းအား မှတ်​မိသွားသည်​။
တချို့ဗီဒီယို​တွေမှာဆို မျက်​နှာကို ရှင်းရှင်းကြီးြ
မင်​​နေရသည်​မဟုတ်​လား။
<ဒါ.. ဒါ​ပေမဲ့ အဲ့အချိန်​တုန်းက ကျင်းကျင်းရဲ့
အမှတ်​က လုံးဝမတက်​ခဲ့ဘူး​လေ၊သူတို့
တကယ်​​ကော သတိထားမိခဲ့လို့လား"
ရှီကျင်း လက်​ရှိသိချင်​​နေသည်​မှာ
ထိုအချက်​ပင်​ဖြစ်​သည်​။
ရှီကျင်း၏​ရှော့ရသွား​သောအမူအရာအား 
ပြော​သောအခါ ရှီ​ဝေချုံးသက်​ပြင်းထပ်​ချကာ 
ပြောသည်​။
"ဗီဒီယိုထဲကလူက မင်းလို့ ငါတို့အနည်းနဲ့အများ 
သေချာသွား​လို့ ငါနဲ့အာ့ထင်​က
ထပ်​စုံစမ်းလိုက်​​တော့ ငါတို့လွန်​ခဲ့တဲ့ရက်​က 
တွေ့ခဲ့တဲ့​ဈေးဝယ်​စင်​တာကို
မင်းသွားဖူး​ကြောင်း ရှာ​တွေ့ခဲ့တယ်​။
အဲ့အချိန်​မှာပဲ ကျိုးကျုံးက မင်းက
လျှို့ဝှက်​​အေးဂျင့်​တစ်​​ယောက်​ဖြစ်​လို့
လူသိရှင်​ကြားမသိ​စေချင်​​ကြောင်း အစိုးရဆီက
စာရတယ်​၊ငါတို့လူမှားတာလားဆိုပြီး
စိတ်​ရှုပ်​သွား​သေးတယ်​၊ဒါပင်​မဲ့ ငါတို့မှားတာ
မဟုတ်​ဘဲ မင်းနဲ့လွဲသွားမှာကိုလည်း
ကြောက်​​တော့ ​ဈေးဝယ်​စင်​တာကို 
စောင့်​ကြည့်​​နေဖို့ အာ့ထင်​ကလူ​တွေလွှတ်​ထားတာ။
ငါတို့မင်းကို ရှာ​တွေ့တဲ့​နေ့က မင်း​မွေး​နေ့​လေ။
ဒါ​ကြောင့်​ မင်းအဲ့ကိုတစ်​ခုခုထပ်​လာဝယ်​မယ်
တွေးမိလို့ အာ့ထင်​နဲ့ကျိုးကျုံးကိုပါ လာဖို့ 
ခေါ်ထားတာ ကံ​ကောင်းပြီး မင်းကို
တကယ်​​ရှာ​တွေ့သွားတယ်​"
ရှီကျင်းသည်​ ရှီ​ဝေချုံး​ပြောသည်​များကို
နား​ထောင်​ရင်း လိုက်​မမီ​တော့။သူသည်
ထိုအချိန်​တုန်းက သူ့ယူနစ်​ဘား
အ​ပြောင်းအလဲ​တွေကို မှတ်​မိရန်
ကသုတ်​ကရိုက်​ကြိုးစားလိုက်​သည်​။
ထိုအ​ကြောင်းအား ​တွေး​လေ​လေ
သူ့ခံစားချက်​များ ပိုရှုပ်​​ထွေးလာသည်​။
"​ရှောင်​စစ်​, ဒါကထူးဆန်း​နေတယ်​လို့
ဘာလို့ခံစား​နေရတာလဲ"
ရှီကျင်း ​မေးလိုက်​သည်​။
 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now