သူဘယ်လိုပဲငြင်းငြင်း
လမ်းကြုံကြုံမကြုံကြုံ Alexကို
သူနဲ့အတင်းတွန်းပို့နေတဲ့ အဖေဖြစ်သူကြောင့်
Chanyeolလည်းမငြင်းနေတော့ဘဲ
Alexကိုခေါ်လာရတော့သည်။

" လိုက်ခဲ့လေ ''

" ကားကို သေချာသတိထားပြီးမောင်းနော် သား ''

အနောက်ကနေမှာနေတာကိုကြားပေမဲ့
အထူးတလည်ပြန်ဖြေမနေတော့။
လက်ဆောင်ခြင်းကြီးကိုလည်းကားရှေ့ခန်းမှာပဲ
ထားကာ Chanyeolက driver seatမှာ
ဝင်ထိုင်လိုက်သည်။

Alexကတော့ Chanyeolဘေးမှာ
မထိုင်ရတာကိုသိပ်မကျေနပ်ပေမဲ့
Chanyeolနဲ့ကားတစ်စီးတည်းအတူတူ
စီးရတာပဲဟူသောအသိစိတ်လေးဖြင့်သာ
ကျေနပ်လိုက်ရတော့သည်။

ကားမောင်းနေတဲ့တစ်လျှောက်လုံးလည်း
စကားတစ်ခွန်းဆိုတစ်ခွန်းတောင်မဟဘဲ
ရုပ်တည်ကြီးနဲ့နေနေတဲ့ Chanyeolကြောင့်
Alexမှာနေမထိထိုင်မသာဖြစ်ရပြန်သည်။

" Chan ''

" အင်း ''

အင်း ဟုသာပါးစပ်ကထူးသည်။
မျက်လုံးကအကြည့်ကတော့ ကားမှန်ကနေ
တစ်ဆင့်သွယ်ဝိုက်၍တောင်ရောက်မလာ။
နောက်လှည့်ပြီးကြည့်ဖို့ဆိုရင်ဝေးသာဝေး။

" Merry christmas နော် Chan ''

" အင်း ''

" Christmas နေ့မှာလိုအင်ဆန္ဒတွေ
အကုန်ပြည့်ဝပါစေနော် Chan ''

" အင်း ''

" Chan ချစ်ရတဲ့သူနဲ့လည်းလက်တွဲစေနိုင်ပါစေနော် ''

" အင်း ကျေးဇူး ''

တစ်အင်းတည်း အင်းနေသည့် Chanyeol
ကြောင့် Alexကဘာမှဆက်မပြောတော့ဘဲ
ငြိမ်ငြိမ်လေးပဲနေနေလိုက်သည်။

ကားမှန်ကနေတစ်ဆင့် ထွင်းဖောက်မြင်နေသည့်
အပြင်ဘက်ကအဆောက်အဦးတွေကို
ငေးကြည့်လိုက်၊ ကားကိုပဲသေချာဂရုတစိုက်
မောင်းနေသည့်Chanyeolကိုငေးကြည့်လိုက်နဲ့
Alexရဲ့မျက်ဝန်းတစ်စုံက သိပ်ကိုအလုပ်ရှုပ်နေသည်။

ယောကျာ်းပီသပြီး ခန့်ညားလွန်းတဲ့
Chanyeolရဲ့မျက်နှာကဘေးတစ်စောင်း
မြင်နေရတာတောင် ချောမောမှုကလျော့ကျမသွား။

ဒီလိုအရာရာမှာ perfect ဖြစ်နေလွန်းလို့လည်း
Chanကိုသမက်တော်ချင်တဲ့ လုပ်ငန်းစုက
သူေဋ္ဌးတွေကိုရေတွက်လို့တောင်မရဘူးဟုသူ့ကို
Mr. Park ကခဏခဏပြောပြလေ့ရှိသည်။

HIGER [COMPLETED] Where stories live. Discover now