(မဖြစ်သေးပါဘူး ဆေးထပ်စစ်ဖို့လည်း နီးလာပြီ ၊ ဒီအတိုင်းဆိုရက်ချိန်းမြန်မြန်ယူမှဖြစ်မယ်)

ယွန်းလေးသည် အိမ်ရောက်တာနဲ့ အရင်လိုတုနှိုင်းမောင်ကားတံခါးဖွင့်ပေးတာကို မစောင့်ဘဲ ကိုယ်တိုင်ဖွင့်ကာဆင်းသွားသည် ။

"မင်းသမီးလေးပြန်လာပြီ ဘာစားချင်လဲ ကြီးမြဘာလုပ်ပေးရမလဲ"

အန်တီမြက ရယ်လျက်မေးလာတော့ ယွန်းလေးက ခေါင်းလေးရမ်းရင်း

"ယွန်း မစားတော့ဘူးနော် ကြီးကြီးမြ"

ပြုံးသည်ဆိုရုံလေးသာပြုံးပြ၍ ပြန်ဖြေကာ အပေါ်ထပ်တက်သွားသည် ။ တုနှိုင်းမောင်နောက်ကနေလိုက်သွားတော့ ၊ ယွန်းလေးက အခန်းထဲက မွေ့ရာထက်တွင် ခွေခွေလေးဝင်အိပ်နေသည် ။

"သမီးလေး"

တုနှိုင်းမောင်ဘေးနားလေးဝင်ထိုင်လျက် ခေါ်လိုက်တော့ လှည့်လာရင်း ၊ တုနှိုင်းမောင်ပေါင်ပေါ် ခေါင်းလေးတင်ကာ အိပ်လာလျက် ။

"ဖေဖေ"

"ဗျာ"

"ဖေဖေ ယွန်းကိုချစ်လားဟင်"

အရင်ကလည်း ယခုလိုမေးဖူးတာကြောင့် အထူးအဆန်းလုပ်၍မေးတာမဟုတ်ပေမယ့် ၊ ဒီတစ်ခါမေးတာက တုနှိုင်းမောင်စိတ်ထဲ ဘာလို့မတူသလိုခံစားနေရတာလဲ ။

"ချစ်တာပေါ့ အများကြီးချစ်တာ ၊ ဖေဖေက ဖေဖေသဲငယ်လေးကို တအားချစ်တာ ချစ်လွန်းလို့တစ်ချိန်လုံးဖက်ထားပြီး အနားမှာပဲထားချင်တော့တယ်"

တုနှိုင်းမောင်အဖြေကို ကြားတော့ယွန်းလေးက တုနှိုင်းမောင်ခါးကို လက်သေးသေးလေးတွေနှင့် ဖက်တွယ်လာသည် ။

"ခဏနေ ဦးဦးတို့ပြန်ရောက်ရင် သဲငယ်လေးအတွက် ရေခဲမုန့်နဲ့ကိတ်ပါလာမှာ စားမယ်မလား"

"ဟုတ်"

တုနှိုင်းမောင်ကျေနပ်အောင်ပြန်ဖြေသည်လားမသိ အရင်လိုတက်တက်ကြွကြွမရှိနေ ။

"အဝတ်စားလဲရအောင်လေ ထဖေဖေလဲပေးမယ်"

"ထချင်သေးဘူး"

"ဒီလိုနေချင်သေးတာလား"

"ဟုတ်"

မျက်ဝန်းလေးတွေ မှိုတ်ကာ ငြိမ်သွားတာကြောင့် တုနှိုင်းမောင်လည်း ထိုအတိုင်းလေးပင် ငြိမ်နေပေးလိုက်သည် ။ ခဏကြာတွင်တော့ အသက်ရှုပုံမှန်လေးနဲ့ ယွန်းလေးအမှန်ပင်အိပ်ပျော်သွားသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteHikayelerin yaşadığı yer. Şimdi keşfedin