🏡 Home 🏡 (Part-21) U+Z

422 28 6
                                    

🏡 Home 🏡

Part-21 (Unicode+Zawgyi)

ခြံထဲတွင်ရပ်ထားသည့် Ri ရဲ့ ကားကိုတွေ့ရတာမို့ Ri ပြန်ရောက်နေပြီဆိုတာကို သိလိုက်ရတယ်။ အိမ်ထဲကိုဝင်လိုက်တော့ တစ်အိမ်လုံးကတိတ်ဆိတ်လို့။ သူတို့တွေ ခရီးထွက်ပြီး ပြန်လာကြကတည်းက သူတို့ငါးယောက် ၏ မိဘတွေကလည်း အားကျမခံ အားလုံးအတူတူစုပြီး ခရီးထွက်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး တနေ့ကပဲ Legguage ကိုယ်စီဆွဲ၍ Vietnam သို့ အပျော်ခရီးထွက်သွားကြပြီဖြစ်သလို Hanna ကလည်း အိမ်ပြန် သွားသည်မို့ သူတို့အိမ်က အရင်ထက်စာလျှင် တိတ် ဆိတ်လို့နေလေသည်။

ရေသောက်ရန်အတွက် ထမင်းစားခန်းထဲကို အရင်ဝင်ခဲ့လိုက်တော့ ထမင်းစား စားပွဲတွင် တစ်ယောက်တည်းထိုင်နေသော Ri ကိုတွေ့လိုက်ရသည်။ မျက်နှာကလည်း မည်းမှောင်လို့နေပြီး၊ အံကိုတင်းတင်းကြိတ်ထားတာမို့ နားထင်ကြောတွေပင်ထောင်လို့နေတာမို့ Ri ဘာဖြစ်နေမှန်းမသိပေမယ့် အခြေအနေတော့ မကောင်းဘူးဆိုတာကို ရိပ်စားမိလိုက်၏။

'စားပြီးပြီလား Ri၊ ကိုယ်ဒီမှာ Ri ကြိုက်တဲ့မုန့်တွေ ဝယ်လာသေးတယ်'

'ငါစားချင်စိတ် မရှိဘူး'

ငါဆိုသည့် အသုံးအနှုန်းကြောင့် စိတ်ထဲနည်းနည်းအချဉ် ပေါက်သွားမိသော်လည်း ပြဿနာမဖြစ်ချင်တာမို့ စ ကားလမ်းကြောင်းပြောင်းလိုက်ပြီး -

'သားနဲ့သမီးရော Ri'

'မမ လာခေါ်သွားတယ်၊ ကစားကွင်းလိုက်ပို့မလို့တဲ့'

'ဪ ကောင်းတာပေါ့၊ ကိုယ်လည်း Ri ကို စကားအေး အေးဆေးဆေး ပြောချင်နေတာ၊ ငရှုပ်လေးတွေမရှိတာ့ ပိုအဆင်ပြေသွားတာပေါ့၊ ရော့ ဒါက Ri အတွက်'

Ri အနားကို လျှောက်သွားလိုက်ပြီး လက်ထဲကပန်းစည်း ကို ကမ်းပေးလိုက်စဉ် Ri က ပုတ်ထုတ်လိုက်တာမို့ ပန်း စည်းက ဘုတ်ကနဲ ကြမ်းခင်းပေါ်ကျသွားလေသည်။ သူ ငုံ့ကောက်လိုက်ဖို့ လက်အလှမ်း Ri က ထိုင်နေရာမှ ဝုန်းကနဲထရပ်လိုက်ပြီး သူ့လက်ထဲရောက်လုရောက်ခင် ပန်း စည်းကို ခြေနဲ့ကန်ထုတ်လိုက်တာမို့ ပန်းစည်းက ခပ်လှမ်းလှမ်းကို လွင့်စင်သွားတော့တယ်။

Home (Completed)Where stories live. Discover now