🏡 Home 🏡 (Part-11) U+Z

391 27 3
                                    

🏡 Home 🏡

Part-11 (Unicode+Zawgyi)

လူနာတင်လှည်းပေါ်တွင် ပက်လက်လေးပါသွားသည့် ဖြူဖျော့ဖျော့ကောင်လေးကို ကြည့်ရင်း Ji Yong စိတ် မသက်မသာ ဖြစ်နေရတယ် . . နဂိုကတည်းက အသားအရည်ဖြူစင်လွန်းတဲ့ ပိန်ညောင်ညောင်ကောင်လေးဟာ ခေါင်းကဒဏ်ရာမှ သွေးထွက်များတာမို့ ပိုပြီးတော့တောင် ဖြူဖျော့နေရှာပြီ

နည်းပြကြီးက ပြိုင်ပွဲမပြီးသေးတာမို့ ကျန်နေခဲ့ရပြီး လက်ထောက်နည်းပြနှင့်အတူသူပါ လူနာတင်ယာဥ်ပေါ်တက်လိုက်လာခဲ့မိတယ် . . ကိုယ့်အသင်းဖော်တစ်ယောက် ဒီလောက်ဖြစ်နေတာမို့ လိုက်သွားသင့်သည်ဆိုသော စိတ်နဲ့များလား . . သူမလိုက်လာလည်း တခြားသူ တစ်ယောက်ယောက် လိုက်လာနိုင်သားပဲလေ . . ဒါနဲ့များဘာလို့ အပြေးအလွှား အတူလိုက်ခဲ့မိပါလိမ့်

ရုတ်တရက်ပွင့်လာသည့် ခွဲစိတ်ခန်း မှန်တံခါး ၂ ချပ် . .

'Lee Seungri ရဲ့ လူနာရှင်တွေရှိလား'

'ရှိပါတယ် ခင်ဗျ . . ကျွန်တော်တို့ပါ'

လက်ထောက်နည်းပြကပြောရင်း ထွက်လာသည့် ဆရာဝန်နားကို ပြေးသွားတော့ သူပါအပြေးလေး လိုက်သွားမိတယ်

'လူနာက စိုးရိမ်စရာမရှိတော့ပါဘူး . . ခေါင်းကကွဲသွားတာများတာမို့ ၆ ချက်ချုပ်လိုက်ရတယ် . . အခုတော့ လူနာက သွေးထွက်များသွားတာမို့ သွေးသွင်းဖို့လိုမယ် . . လူနာက A သွေးပါ . . A သွေးလှူမယ့်သူ
ရှာပေးပါ'

'ကျွန်တော် A သွေးပါဗျ . . ကျွန်တော့်ဆီကယူပါ Doctor'

'ဒါဆို လိုက်ခဲ့ပေးပါ . . သွေးစစ်ပြီး . . သ​ွေးဖောက်ရအောင်'

ဆရာဝန်ရဲ့အနောက်က ခပ်သွက်သွက် လိုက်သွားသည့် Ji Yong ကိုကြည့်ပြီး လက်ထောက်နည်းပြက ကြည်နူးစွာပြုံးနေတော့တယ် . . သူငယ်ချင်းကို အတော်ချစ်ခင်ရှာတာပဲဆိုပြီး စိတ်ထဲကချီးကျူးလို့ပေါ့ . . .

ဆေးရုံသီးသန့်ခန်းထဲက ကုတင်ဖြူဖြူထက်မှာ လဲလျောင်းနေရတဲ့ကောင်လေးတစ်ယောက်

ထိုကောင်လေး၏ ကုတင်ဘေးမှာ ငုတ်တုတ်ထိုင်ရင်း ကုတင်ပေါ်မှာ ဆေးအရှိန်ဖြင့် အိပ်ပျော်နေဆဲ ကောင်လေးကို ငေးကြည့်နေသည့် ကောင်လေးတစ်ယောက်

Home (Completed)Where stories live. Discover now