🏡 Home 🏡 (Part-8) U+Z

346 28 0
                                    

🏡 Home 🏡

Part-8 (Unicode+Zawgyi)

လပတ်စာမေးပွဲရှိတာမို့ တစ်လလုံးသင်ထားသမျှ စာတွေကို တစ်ညတည်းနှင့် ပြန်ကြည့်နေစဥ် အခန်းတံခါးခေါက်သံကို ကြားလိုက်ရတာမို့ သူလှမ်းအော်လိုက်တယ်

'ဝင်ခဲ့ပါ'

တံခါးဖွင့်ပြီးဝင်လာသူက မမ . . လက်ထဲတွင်သယ်လာ သည့် နွားနို့ခွက်နှင့်မုန့်ပန်းကန် ပါဝင်သော ဗန်းကို သူ့ရဲ့ စာရေးစားပွဲခုံပေါ် အသာချလိုက်ပြီးတာနဲ့ သူ့အိပ်ရာဘေးက ပြတင်းပေါက်ဆီ တန်းပြေးသွားပြီး Curtain နှစ်ခုကိုဘေးသို့ ဆွဲဖွင့်လိုက်တယ် ပြီးတာနဲ့ ဟိုဘက်အိမ်က ပြတင်းပေါက်ကို လှမ်းချောင်းနေလေတော့တယ်

သူ မမကို စိတ်ပျက်လက်ပျက်ပဲ ကြည့်လိုက်မိတယ် ဟိုဘက်အိမ်ကမိသားစု သူတို့အိမ်ကိုလာလည်သွားသည့် နေ့ကတည်းက မမဟာ သိသိသာသာကို မျက်စိနောက်စရာကောင်းလာတော့တာ

တစ်ချိန်လုံးလိုလိုပင် -

'ဟိုဘက်အိမ်ကကောင်လေးက ချစ်စရာကောင်းလိုက်တာဟယ် . . ဖြူဥနေတာပဲ . . ရယ်လိုက်ရင်လည်း သွားစွယ်လေးကိုဖွေးလို့ . . ချစ်မွှေးပါလိုက်တဲ့ ကောင်လေးနော် . . Omma' ဆိုတာက တစ်မျိုး

'Ji Yong ရေ . . Seungri လေးနဲ့ နင်နဲ့က ကျောင်းမှာ မခင်ကြဘူးလား . . အိမ်ကိုလာလည်ဖို့ ခေါ်ခဲ့ပါဦးဟဲ့ ' ဆိုတာက တစ်ဖုံ

'ငါ့မှာသာ ညီမလေးတစ်ယောက်လောက်ရှိရင် Seungri လေးနဲ့ပဲပေးစားပြီး သူ့ကို ငါ့မတ်လေး တော်ပစ်မှာ . . ခုတော့ မောင်တစ်ယောက်ပဲရှိတာဆိုတော့ ဆိုးတာပဲ . . Omma တို့ကဘာလို့ ညီမလေးတစ်ယောက်လောက် ထပ်မမ​ွေးခဲ့ကြတာလဲ . . ဘာလို့ ၂ ယောက်တည်း မွေးထားခဲ့တာလဲ' ဆိုပြီး Omma နှင့် Appa ကိုပြဿနာသွားသွားရှာတတ်သေးတာက တစ်သွယ်

တစ်ဘဝလုံး မောင်နှမ ၂ ယောက်တည်းနေလာတုန်းက အကောင်း ခုဟိုကောင်လေးကိုတွေ့ပြီးခါမှ မမမှာ မျိုးစုံဖြစ်နေတော့တာ

'ခုငါ့မှာက မောင်တစ်ယောက်ပဲရှိတာဆိုတော့ မတ် မတော်ရရင်တောင် ယောက်မတော်ပစ်မယ် . . အိုက်ဂူး ချစ်ဖို့ကောင်းလိုက်တာ ငါ့ယောက်မလေး'

Home (Completed)Where stories live. Discover now