🏡 Home 🏡 (Part-20) U+Z

416 26 6
                                    

🏡 Home 🏡

Part-20 (Unicode+Zawgyi)

အလုပ်လုပ်နေရင်း Messenger Ring သံလေးမြည်ပြီး Message ဝင်လာတာမို့ လုပ်လက်စအလုပ်ကို ခဏရပ်ထားလိုက်ပြီး စာကိုဖွင့်ဖတ်လိုက်သည်။ Messenger မှ Profile ပုံ နှင့် User Name ကို မြင်လိုက်ရသည့်အခါ သူအံ့ဩသွားမိ၏။ အချိန်အတော်ကြာ မေ့ထားမိသော မျက်နှာလေး နှင့် အမည်လေး။

📧 Ji Yong ရေ ငါ San Dara ပါ၊ ငါအခု ကိုရီးယားကို ပြန်ရောက်နေလို့၊ ပြီးတော့ ဒီမှာ Fashion Brand လေးတစ်ခု စလုပ်ချင်လို့လေ၊ နင့်အစ်မက နာမည်ကြီး Designer ဆိုတော့ မမ Dami ဆီကလည်း အကြံ ဉာဏ်ယူချင်တာတွေလည်း ရှိတာမို့ ငါ့ကို နင့်မမနဲ့ တစ်ရက်လောက်ဆုံပေးပြီး မိတ်ဆက်ပေးလို့ရမလား
Ji Yong ရေ ၊ နောက်ပြီး နင့်ရဲ့ PMO Brand ကလည်း ခုဆို တော်တော်လေးပေါက်နေပြီဆိုတော့ ငါ့လုပ်ငန်းလေးစနိုင်ဖို့ နင့်ဆီကလည်း အားနာနာနဲ့ပဲ အကူအညီယူရဦးမယ်၊ ငါ့ Message ကိုတွေ့ရင် အကြောင်းပြန်ပေးပါဦးနော်📧

ကျောင်းပြီးကတည်းက ပြင်သစ်သို့ သွားရောက်ပြီး Fashion Design ပညာကိုဆက်လက် လေ့လာဆည်းပူးနေခဲ့သည့် Dara။ အရင်ကတော့ Instagram မှာ Dara ရဲ့ Account ကို Follow လုပ်ထားခဲ့ပေမယ့် အိမ် ထောင်ကျပြီးကတည်းက Ri ကသူ့ရဲ့ Social Account မှန်သမျှကို ယူသုံးပြီး သူ Unfollow လုပ်ချင်သည့် လူမှန်သမျှကို စိတ်ကြိုက် Unfollow လုပ်ထားတာမို့ ထိုအထဲတွင် Dara ၏ Accoount လည်းပါသွားခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သလောက်ကို ဖြစ်သွားခဲ့ခြင်းဖြစ်၏။ ယခုမှပင် Dara Korea ကို
ပြန်ရောက်နေတာ သိရတော့သည်။

သူလည်း ကူညီပေးနိုင်သည့် ကိစ္စဖြစ်နေတာမို့ စာကို ချက်ချင်းပဲ Reply ပြန်လိုက်ပြီး မမနှင့်ဆုံပေးဖို့ကို စီစဉ်လိုက်တော့သည်။ အလုပ်နားရက် တစ်ညနေတွင် လူရှင်းသည့် ကော်ဖီဆိုင်တစ်ဆိုင်မှာပင် ချိန်းလိုက်ကြပြီး သူတို့သုံးယောက် ဆုံဖြစ်ကြသည်။ Dara က သူတို့မောင်နှမထက်အရင် ဆိုင်ကိုကြိုရောက်နေပြီး စောင့် နေလေ၏။ မတွေ့ဖြစ်ကြတာ နှစ်တွေကြာသည့်တိုင် Dara ကတော့ ဘာမှမပြောင်းလဲပေ။ အရင်ကလို လှပနုပျိုနေဆဲပင်။

မမနှင့် မိတ်ဆက်ပေးပြီးတာနဲ့ နဂိုကတည်းက ဖော်ရွေပျူငှာတတ်သော Dara နှင့် မမက ခင်မင်ရင်းနှီးသွားတော့သည်။ အလုပ်ကိစ္စတွေကို အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးကြပြီးနောက်မှာတော့ ရှေးဟောင်း နှောင်းဖြစ်တွေလည်းပြောဖြစ်ကြရင်း ယခုအခြေအနေတွေကိုပါ ဆက်ပြီးပြောဖြစ်ကြသည်။

Home (Completed)Where stories live. Discover now