🏡 Home 🏡 (Part-18) U+Z

505 31 2
                                    

🏡 Home 🏡

Part-18 (Unicode+Zawgyi)

ယနေ့ဆို အိမ်ကထွက်လာတာ သုံးရက်မြောက်ရှိပြီမို့ လူကြီးတွေတော့ အတော်လေး စိတ်ပူနေလောက်ပြီဆိုတာကို တွေးမိတာကြောင့် အခြေအနေကို သိရစေရန် ဖုန်းကို စက်ခဏ ပြန်ဖွင့်ကြည့်လိုက်တော့ ဖုန်း Screen တွင် Missed Call ပေါင်းများစွာ၊ Message ပေါင်းများစွာ၏ Notification တွေက ရဲရဲနီလို့ပင်။ Appa၊ Omma၊ မမ၊ Bae၊ Top Hyung၊ Daesung အားလုံးက ဝိုင်းခေါ်ထားကြသည်ကိုး။ အရင်ဆုံး Omma ၏ Message ကို ဖွင့်ဖတ်ကြည့်လိုက်သည်။ သူ့ကို စိတ်ပူ သည့် အကြောင်းတွေရော၊ မေးမြန်းထားတာတွေရော၊ ဆူဆဲထားတာတွေရော အများကြီးပင်။

ထိုထဲကမှ နောက်ဆုံးပို့ထားသည့် စာလေးက သူ့အာရုံကို ဖမ်းစားသွားတော့သည်။

✉️ သား Ji Yong အိမ်ကို အမြန်ဆုံး ပြန်လာခဲ့ပါတော့ကွယ်၊ သားတို့နှစ်ယောက်ကို အားလုံးကစိတ်ပူနေကြပြီ၊ Seungri လေးက စာမေးပွဲဖြေရဖို့ တစ်လတောင်မလိုတော့ဘူးလေ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဘယ် လောက်အရေးကြီးတယ်ဆိုတာ သားလည်းသိရဲ့သားနဲ့ကွယ်၊ Seungri Omma ဆို နေ့တိုင်း ငိုနေရတာ၊ ဒီတော့သားတို့ကသာ အိမ်ကိုပြန်လာခဲ့ပေး၊ သားတို့ ဖြစ်စေချင်သလို လူကြီးတွေက အကုန်လုပ်ပေးမယ်၊ Seungri လေးရဲ့ ပညာရေးအတွက် ထည့်စဉ်းစားပါ
Ji Yong၊ ကိုယ်ချစ်တဲ့လူကို ကိုယ့်ကြောင့်ဒုက္ခရောက်စေတယ်ဆိုရင် အဲ့တာချစ်ရာမရောက်ဘူးနော် သား၊ ဒီလောက်ပြောရင် Omma သားက နားလည်သဘော ပေါက်မယ်လို့ ယုံတယ်နော်၊ သားက Omma ရဲ့ အချစ်ရဆုံးမို့ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သားကို အဆုံးရှုံးမခံနိုင်ဘူး၊ သားပြန်လာတာကို စောင့်နေမယ်နော် ✉️

စာဖတ်ပြီးပြီးချင်း ကျလာသည့် မျက်ရည်တွေသည် သူ့အပေါ်ထားရှိသည့် Omma ရဲ့ မေတ္တာတွေကြောင့်လား၊ အိမ်ကိုလွမ်းလို့ပဲလား၊ သူတို့နှစ်ယောက်ကို လက်ခံပေးမည် ဆိုသောကြောင့်လားဆိုတာကို အတိအကျ မသိပေမယ့် အခုပဲ Omma ရင်ခွင်ထဲဝင်ပြီး ချွဲချင်နေပြီဆိုတာကတော့ သေချာလေသည်။ ရေချိုးခန်းထဲမှ ထွက်လာသည့် Ri က သူ့ရဲ့ မျက်ရည်တွေကို မြင်သွားပြီး အနားသို့ ချက်ချင်းရောက်လာတော့၏။

Home (Completed)Where stories live. Discover now