🏡 Home 🏡 (Part-1) U+Z

2.8K 63 0
                                    

🏡 Home 🏡

'Ri . . . . . မင်းရှိတဲ့နေရာဟာ ကိုယ့်ရဲ့အိမ်ပါ'
Kwon Ji Yong

Part-1 (Unicode+Zawgyi)

မီးဖွားခန်းရှေ့မှာ ဟိုသည်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း စိတ်လှုပ်ရှားနေကြသည့် အမျိုးသားနှစ်ဦး

ထိုအမျိုးသားနှစ်ဦးကိုကြည့်ကာ သက်ပြင်းအသာချရင်း ကိုယ်စီဆုတောင်းပေးနေကြသည့် မိခင်နှစ်ဦး

ဇနီးသည်နှစ်ဦး၏ ဘေးတွင်ရပ်ကာ ပုခုံးလေးတွေကို အသာဖျစ်ညှစ်ရင်း အားပေးနေကြသော ဖခင်နှစ်ဦး

နံရံကိုမှီကာ လက်ပိုက်ရပ်နေရင်း မောင်ဖြစ်သူကိုကြည့်ကာ စိတ်မောနေပုံရသည့် အစ်မတစ်ဦး နှင့် ဆောင့်ကြောင့်လေးထိုင်ရင်း လက်မကိုသွားဖြင့်တတိတိကိုက်ရင်း အစ်ကိုဖြစ်သူကိုလှမ်းကြည့်နေသည့် ညီမတစ်ဦး

ထိုစဥ် မီးဖွားခန်းတံခါးပွင့်လာပြီး ဆရာ၀န်ကြီးထွက်လာသည့်အခါ သူတို့အားလုံး ဆရာဝန်ကြီးအနားကို အပြေးအလွှားသွားမိကြတယ်

'Doctor ကလေးတွေ အခြေအနေ .....'

'ကလေး ၂ ယောက်လုံးကို အောင်အောင်မြင်မြင်ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါပြီနော် သားလေးတစ်ယောက် နဲ့ သမီးလေးတစ်ယောက်ပါ ကလေး ၂ ယောက်လုံး ခြေလက်အင်္ဂါစုံလင်ပြီး ကျန်းမာကြပါတယ်'

ဆရာဝန်ကြီးရဲ့ ပြောစကားအဆုံးမှာတော့ အမျိုးသားနှစ်ဦးဟာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လိုက်ရင်း မျက်နှာမှာလည်းပီတိအပြုံးတွေဝေလို့ မျက်ရည်ကြည်လေးတွေပါဝဲနေကြတယ်

ကျန်သူတွေလည်းခုမှအားလုံးပြုံးနိုင်ကြတော့တယ်

🏡🏡🏡🏡🏡

ဒီလိုနဲ့ပဲ Kwon Ji Yong နဲ့ Lee Seungri တို့ရဲ့ ဘဝလေးထဲကို ပုစိလေး ၂ ယောက် ရောက်လာခဲ့တော့တယ်

ဒီကလေးလေးတွေကို လိုချင်လွန်းလို့ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးကာ Third-Party Reproductin ( မမျိုးဥအလှူခံရပြီး အငှားကိုယ်ဝန်ဆောင်ပေးမည့် လူကိုလည်းလိုအပ်ပါတယ် ရှေ့နေတွေနဲ့ တရားဥပဒေဘောင်ထဲကနေ စာချုပ်စာတမ်းတွေနဲ့လုပ်ရပါတယ်) နည်းပညာနဲ့ သန္ဓေအောင်စေခဲ့ပြီး အငှားကိုယ်ဝန်ဆောင်ပေးတဲ့ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ အမွှာလေး ၂ ယောက်ကို မွေးဖွားနိုင်ခဲ့တယ်

Home (Completed)Where stories live. Discover now