🏡 Home 🏡
Part-3 (Unicode+Zawgyi)
'Ji . . . ငါ့လက်ကိုလွှတ်'
လက်ကောက်ဝတ်ကနေ တင်းကျပ်နေအောင် ဆုပ်ကိုင်ပြီး ဆွဲခေါ်လာတာမို့ Ri ရဲ့ လက် ဖြူဖြူနုနုဟာ နီတောင်နီနေပြီ
Ji က ဘာတစ်ခွန်းမှ မပြောပဲ Ri ကို ကားထဲတွန်းထိုးထည့်လိုက်ပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ်
ပြီးတော့ Driver Seat မှာ ဝင်ထိုင်လိုက်ပြီး ကားကို တမင်တကာ ခပ်ကြမ်းကြမ်းပဲ မောင်းထွက်လိုက်တယ်
Car Aircon က အေးနေပေမယ့် ကားထဲက လူသားနှစ်ဦးမှာတော့ ဒေါသကိုယ်စီနဲ့ ပူလောင်နေကြတယ်ဆိုတာ နီမြန်းနေတဲ့ မျက်နှာတွေကိုကြည့်တာနဲ့ သိနိုင်တယ်
'မင်းဘာကိစ္စ ငါ့ကိုစောက်ရှက်လာခွဲရတာလဲ Ji Yong'
'မင်းပါးစပ်က ငါ့ကို မင်းနဲ့ငါနဲ့ ပြောစရာ ဘာစောက်ကြောင်းမှမရှိဘူး ငါမင်းထက်အကြီး စကားကိုပြန်ပြင်ပြော . . . ချစ်လွန်းလို့ အလိုလိုက်ထားတာကို ကန်းတက်မလာနဲ့'
'မင်းအခုငါ့ကိုလာလုပ်တဲ့ ပုံမျိုး ငါမင်းကိုလုပ်ကြည့်ပါလား မင်းဆတ်ဆတ်ခါအောင် နာမှာမလား'
'မင်းအရှက်ကွဲအောင် ငါဘာလုပ်မိလဲ . . . ငါယဥ်ယဥ်ကျေးကျေးပဲ ကျွန်တော့အမျိုးသားကို လာကြိုတာပါ ပြန်ခေါ်သွားတော့မယ်နော် ဆိုပြီး ခေါ်လာတာလေ . . . မင်းဘယ်နားက ဘာထိခိုက်သွားလဲ'
'ငါမင်းကို အစောကြီးကတည်းကပြောပြီးသား ငါဘယ်အချိန်ပြန်မယ်ဆိုတာ . . . ငါ့အချိန်ငါသိတယ် ငါ့ဘာသာပြန်လာမယ် . . . မင်းခုလို လိုက်လာစရာကိုမလိုတာ'
'ခုရောဘယ်အချိန်ရှိနေပြီလဲ . . . ၁၀ နာရီခွဲနေပြီ တော်ပြီလေ . . . မင်းညနေကတည်းကထွက်သွားတာ . . . ငါဖုန်းဆက်တော့ရော မင်းဖုန်းတောင်မကိုင်နိုင်ဘူး . . . မင်းနားကပ်နေတဲ့ ဟိုခွေးသူတောင်းစားကောင်နဲ့ ပလူးနေရတာနဲ့ ငါ့ဖုန်းတောင် ကိုင်ဖို့ မအားဘူးပေါ့'
ပြောနေရင်းနဲ့ ဒေါသကပိုထွက်လာတာမို့ ကားစတီယာရင်ကို ဝုန်းကနဲ ပိတ်ထုလိုက်မိတယ်
တစ်ဆက်တည်း ကားကိုပါ လမ်းဘေးထိုးရပ်လိုက်ရတယ် ဒီစိတ်နဲ့သာ ဆက်မောင်းနေရင် ၂ ယောက်လုံး မသာပေါ်ပြီး ကလေး ၂ ယောက် မိဘမဲ့ဖြစ်မှာစိုးလို့