🏡 Home 🏡 (Part-9) U+Z

340 26 0
                                    

🏡 Home 🏡

Part-9 (Unicode+Zawgyi)

Korea International School ကျောင်းတော်ကြီး မှာတော့ ဆရာ၊ ဆရာမတွေရော ကျောင်းသား၊ ကျောင်းသူတွေပါ ကိုယ်စီ မအားလပ်နိုင်အောင် ဖြစ်နေကြတော့သည်။ ကျောင်းရဲ့ နှစ်ကုန်စာမေးပွဲကြီး ကျင်းပဖို့ လပိုင်းသာလိုတော့ပြီး ပြည်နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲအတွက်လည်း ကြိုးစားပြင်ဆင်နေကြရတာမို့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ဖိအားတွေ ပိုများလာပြီး မအားမလပ်နိုင်အောင် ကြိုးစားနေကြရတော့၏။

👸 San Dara 👸

ကျောင်းပေါင်းစုံအားကစားပွဲတော်မှာ ပါဝင်ယှဥ်ပြိုင် မည့် သူမတို့ကျောင်းရဲ့ ကျောင်းကိုယ်စားပြု
အားကစားအဖွဲ့တွေကို အားပေးဖို့အတွက် သူမတို့ရဲ့
Cheerleading Group ဟာလည်း အပြင်းအထန် ကြိုးစားလေ့ကျင့်နေက​ြရချိန်ဖြစ်သည်။

အဖွဲ့သားတွေက သူမကိုအပေါ်ကို ပင့်မမြှောက်တင်လိုက်ပြီး ပြန်လည်ဖမ်းယူရမည့် ပြကွက်အတွက် လေ့ကျင့်နေကြစဥ် ပြန်ကျလာသောသူမကို ဖမ်းယူကြရာ၌ Timing လွဲသွားသည့်အခါ သူမ၏ခန္ဓာကိုယ်သည် မြက်ခင်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်ကျလေတော့ သည်။

'အား . . .'

မြေပြင်နှင့်ကျောပြင် အတားအဆီးမဲ့ ထိခတ်မိလိုက် သည့် ခဏတွင် ကျောရိုးဆီမှ နာကျင်မှုက လည်ချောင်းထဲအထိ တစ်ဆို့သွားသည့်အထိပင် ခံစားလိုက်ရတော့ ၏။ မျက်လုံးများရုတ်တရက် ပြာဝေသွားစဥ် အချိန်မှာတောင်မှ သူမဆီ စိုးရိမ်တကြီး ပြေးလာနေသည့် အားကစားဝတ်စုံနှင့်သူကို ဝိုးတဝါး လှမ်းမြင်လိုက်ရစဥ် သူမ၏ရင်သည် ဒိတ်ကနဲ အခုန်မြန်သွားရတော့သည်။

သူမအနားတွင် စိုးရိမ်တကြီး ဝိုင်းအုံနေကြသော အဖွဲ့သားများကြားမှ တိုးဝှေ့၍ ထိုအားကစားဝတ်စုံနှင့်လူသည် ခဏအတွင်းပင် သူမအနားသို့ရောက်လာခဲ့ပြီး

'Dara . . အဆင်ပြေရဲ့လားဟင် . . ရရဲ့လား . . အရမ်းနာသွားမယ်ထင်တယ် . . ဆေးခန်းသွားရမယ် . . ကျွန်တော့ကျောပေါ်တက် . . ကျွန်တော် လိုက်ပို့မယ်'

အမောတကော တရဆက် ထွက်ပေါ်လာသည့် စကားသံတွေရဲ့ ပိုင်ရှင်ကို သေချာမြင်တွေ့လိုက်ရသည့် အချိန်တွင်တော့ ခုနက ရင်ခုန်မြန်နေသော သူမ၏နှလုံးသားသည် ချက်ချင်းပင် ဝမ်းနည်းအားငယ်ခြင်းကို ခံစားလိုက်ရတော့သည်။

Home (Completed)Where stories live. Discover now