🏡 Home 🏡 (Part-17) U+Z

508 22 6
                                    

🏡 Home 🏡

Part-17 (Unicode+Zawgyi)

ကားဆီဖြည့်ဖို့အတွက် ဆီဆိုင်တစ်ဆိုင်ကို ဝင်ခဲ့လိုက် ၏။ Ri ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမို့ မနှိုးတော့ပဲ သူတစ်ယောက်တည်း ကားပေါ်မှ ဆင်းကာ အပေါ့သွားရန် Toilet သို့ ဝင်ခဲ့လိုက်သည်။ ကိစ္စရှင်းပြီးတာနှင့် စက်ပိတ်ထားသောဖုန်းကို ခဏပြန်ဖွင့်လိုက်တော့ Bae ဆီက Missed Call တစ်ခုသာတွေ့ရ၏။ အရင်လည်း အိမ်ပြန်နောက်ကျနေကျမို့ သူ့အိမ်ကတော့ ခုထိ ဘာမှမသိရှာသေးပေ။

Omma ၏ ဖုန်းကို Message တစ်စောင် ရိုက်ပို့လိုက်ပြီးနောက် Ri ရဲ့ Omma ဆီသို့ပါ Message ပို့ရန် Ri ဖုန်းလေးကို ဖွင့်လိုက်တော့ ဖုန်းက Screen Lock ချ ထားတာမို့ သူ့မှာတိုင်ပတ်တော့သည်။ ပထမဆုံး Ri ရဲ့မွေးနေ့ဖြစ်တဲ့ နံပါတ်တွေကို ရိုက်ထည့်ကြည့်လိုက်တော့ Wrong Password ပ​ြနေ၏။ စိတ်ထင်သည့် နံပါတ် သုံး၊ လေးခုကို ရိုက်ထည့်ပြီးသည့်နောက်တော့ သူ့ဘာ သာ စိတ်ကူးတွေယဥ်ပစ်လိုက်ပြီး သူ့မွေးနေ့သူ မျက်စိစုံမှိတ်ထည့်လိုက်တော့မှ ဖုန်းလေးက ချပ်ကနဲ ပွင့်သွားတော့သည်။

သူ့မှာ ဘယ်လောက်ထိ ကြည်နူးပျော်ရွှင်ရလဲဆို လက်တွေပါ တုန်လာသည်အထိပဲ။ Ri က သူ့မွေးနေ့ကို ဖုန်း Password ထားထားတယ်တဲ့လား။ ချစ်ဖို့ကောင်းလိုက်တဲ့ Ri။ Ri ရဲ့ဖုန်းမှာတော့ Missed Call တွေ နီနီရဲလို့ပဲ။ Ri Omma ဆီကို စာတစ်စောင်ခပ်မြန်မြန် ရိုက်ပို့လိုက်ပြီးတာနဲ့ ဖုန်းနှစ်လုံးစလုံးကို စက်ပြန်ပိတ်ထားလိုက်ပြီးနောက် ကားပေါ်ပြန်တက်ကာ ခရီးဆက်ခဲ့တော့သည်။

ကားကို ၆ နာရီလောက် ဆက်တိုက်မောင်းလာခဲ့ရတာမို့ Wando ကိုရောက်တော့ သူ့တစ်ကိုယ်လုံး ညောင်းညာလို့နေလေပြီ။ တည်းခိုမည့် Hotel ရှေ့မှာ ကားရပ်လိုက် တော့မှ ဘေးက ကိုယ်တော်လေးက နိုးလာတော့တယ်။ တဝါးဝါး သမ်းဝေနေရင်း မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ပွတ်နေတဲ့ ပုံလေးကအစ သူ့မှာ မျက်တောင်မခတ်တမ်း ငေးနေမိတယ်။

'ဗိုက်ဆာလိုက်တာ ခုက ဘယ်ရောက်နေတာလဲ'

Ri က သူ့ကိုလဲ မကြည့်ပါပဲ တစ်ကိုယ်တည်း ရေရွတ်သလိုပြောပြီးနောက် လက်ကနာရီကို ငုံ့ကြည့်ရင်း အ လန့်တကြား ထအော်လေတယ်။

Home (Completed)Where stories live. Discover now