🏡 Home 🏡 (Part-19) U+Z

423 22 4
                                    

🏡 Home 🏡

Part-19 (Unicode+Zawgyi)

သူရော Ri ပါ ဘွဲ့ရပြီးကြတဲ့အခါမှာတော့ အိမ်ရဲ့ စီးပွား ရေးလုပ်ငန်းတွေမှာ ကိုယ်စီဝင်ရောက်လုပ်ကိုင်ကြရင်း နှစ်ယောက်တစ်ဘဝကို ကိုယ့်ဝင်ငွေနဲ့ကိုယ် စပြီးရပ် တည်ဖို့ကြိုးစားခဲ့ကြတာ ယနေ့အထိပင်ဖြစ်၏။ အခုဆို မိဘတွေက အားကိုးရတဲ့၊ မိဘတွေကို တစ်လှည့်ပြန် ကြည့်နိုင်တဲ့ သားတွေဖြစ်လာပြီမို့ ကျေနပ်ရလေတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးရူးမိုက်မိုက် လုပ်ချင်ရာတ​ွေလုပ်ခဲ့က​ြပေမယ့် သူတို့နှစ်ဦးကို မပစ်ပယ်ခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်လို့မဆုံးခဲ့ဘူး။ သူနဲ့ Ri တို့ရဲ့ အချစ်ခရီးလမ်းလေးဟာ ဖြောင့်ဖြူးခဲ့တယ်ပဲ ဆိုကြပါစို့။

⬆️ 'ငါတို့နှစ်ယောက်ကျတော့လည်း ခက်ခဲလိုက်တာကွာ၊ ခုနေပြန်တ​ွေးရင် အဲ့ဒီ့အချိန်တွေတုန်းက ငါရော Dae လေးရော တော်တော်ကို စိတ်ဆင်းရဲ့ခဲကြရတာပဲ'

Top Hyung က ဟိုးအရင်အချိန်တွေကို ချက်ချင်းပြန်မြင်ယောင်လာသလို သက်ပြင်းချရင်း ခပ်ငြီးငြီးလေးပြောတော့ Daesung က Top Hyung ရဲ့ လက်ကို ဆုပ်ကိုင်ဖျစ်ညှစ်ပြီး အားပေးသလိုလေး ပြုံးပြနေလေတယ်။ Top Hyung နဲ့ Daesung ရဲ့ အချစ်ရေးကို Hyung ရဲ့ Omma နဲ့ Daesung ရဲ့ Appa တို့က စသိသွားကြတဲ့ အချိန်ကစပြီး ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြတာဖြစ်သည်။

ယောက်ျားလေးနှစ်ဦးကြားကချစ်ခြင်းကို လုံးဝလက်မခံပေးနိုင်ကြသလို၊ အခြေအနေချင်းလည်းကွာခြားတာကြောင့် ငွေကြေးချမ်းသာသော Top Hyung တို့အိမ်က အနည်းငယ်ချို့တဲ့သော Daesung နဲ့ သဘောမတူခဲ့သလို၊ တစ်ဖက်အိမ်ကလည်း မာနခပ်ကြီးကြီးမို့ သူတို့သားကို ဘယ်လောက်ချမ်းသာတဲ့ အိမ်ကသားဖြစ်ဖြစ် Top Hyung နဲ့ သဘောမတူခဲ့ဘူး။

Hyung က ဘယ်လောက်ပဲ သူ့ကိုငြင်းဆန်နေပါစေ ဇွဲမလျှော့ခဲ့ပဲ အဖက်ဖက်က ကြိုးစားပြခဲ့တယ်။ ပြီးတော့ Daesung ရဲ့လက်ကို လုံးဝမလွှတ်ခဲ့ဘူး။

'အဲ့လောက်တောင် သဘောမတူကြတာ ခိုးပြေး Hyung ရာ၊ ပြီးရင် အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ဘာသာ သပ်သပ်နေက​ြ၊ ခုဆို Hyung လည်း ကိုယ့်ပိုက်ဆံကိုယ် ရှာနိုင်နေပြီကို၊ ကျွန်တော်တို့လည်းရှိတယ် လိုတာအကုန်​ ပြောသာပြောဗျာ'

Home (Completed)Où les histoires vivent. Découvrez maintenant