🏡 Home 🏡 (Part-5) U+Z

425 26 0
                                    

🏡 Home 🏡

Part-5 (Unicode+Zawgyi)

အဲ့သည့်နေ့က . . . Seoul မြို့ရဲ့ ကောင်းကင်ဟာ တိမ်ကင်းစင်ကြည်လင်နေခဲ့တယ်

ရာသီဥတုနဲ့ ဆန့်ကျင်ဘက်ပဲ သူတို့ ၃ ယောက်ရဲ့ ခေါင်းတွေကတော့နောက်ကျိလို့နေတယ် မနက်​ စောစောစီးစီး ကျောင်းတက်ခါစပဲရှိသေး ကျောင်းအုပ်ကြီးရုံးခန်းကိုလာခဲ့ဖို့ ​အခေါ်ခံလိုက်ရတာမို့ လွယ်အိတ်တွေကို ခုံပေါ်ပစ်ချထားခဲ့ကြပြီး သူတို့ ၃ ယောက်သား စာသင်ခန်းထဲကနေ ထွက်လာခဲ့ကြတယ် တဆက်တည်း မနေ့ကမှ ပူပူ​နွေးနွေးဖြစ်ထားကြတဲ့ ရန်ပွဲကြောင့်ပဲ ဖြစ်ရမယ်ဆိုတာကို သိလိုက်တယ်

တခြားကျောင်းက ကောင်တွေက သူတို့ ကျောင်းက ကျောင်းသူကို ရိသဲ့သဲ့နဲ့ လာကြောင်နေကြတာမို့ စဖြစ်ကြသည့်ရန်ပွဲ အဲ့သည့်ကျောင်းသူကလည်း တခြားမဟုတ်ဘဲ သူ့ရဲ့ Crush လေးဖြစ်​နေလေတော့ ဒီကောင်တွေအတွက် ပိုပြီးကံဆိုးဖို့ဖြစ်သွားခဲ့တော့တာပေါ့

တွေးနေရင်းနဲ့တောင်မှ ချစ်ရသူရဲ့ မျက်နှာလှလှဟာ သူ့အတွေးအာရုံထဲကို ၀င်ရောက်လို့လာလေတယ် နက်မှောင်နေတဲ့ ဆံပင်ရှည်ဖြောင့်ဖြောင့်စင်းစင်းလေးနဲ့ လိုက်ဖက်လှစွာ ​သေးသွယ်လှပတဲ့ ချစ်စဖွယ် မျက်နှာ​လေး၊ ထိုမျက်နှာလေးမှာ နှစ်လိုဖွယ် အပြုံးချိုချိုလေးကို အမြဲဆင်မြန်းထားတတ်တဲ့ သူတို့ကျောင်းရဲ့ The Whole Queen ဖြစ်သူ San Dara

Dara ရဲ့အလှဂုဏ်သတင်းဟာ တခြားကျောင်းတွေအထိပါ ပျံ့နှံ့ရောက်ရှိတာမို့ Dara ကိုလာ​ရောက်ပိုးပန်းကြတဲ့ ကျောင်းသားတွေဟာလည်း မနည်းပေ ထို့ကြောင့် ထိုသကောင့်သားတွေနှင့် ဖြစ်ရတဲ့ရန်ပွဲတွေဟာလည်း မမြင်ချင်မှအဆုံးပင်

ကျောင်းအုပ်ကြီးရုံးခန်းကို သွားတဲ့လမ်းတလျှောက်မှာတော့ သူတို့ ၃ ယောက်ကို မသိမသာ​ရော ပေါ်ပေါ် ထင်ထင်ပါ ကြည့်နေကြတဲ့ ကျောင်းသူတွေနဲ့ စည်ကားလို့​နေလေတယ် စည်ကားရတဲ့ အကြောင်းရင်းကတော့ ကျောင်းရဲ့ The Whole King တစ်ယောက်လုံးပါနေတာမို့ပဲဖြစ်၏။

Top Hyung ကတော့သူ့ရဲ့ ထုံးစံအတိုင်း ခပ်ချေချေပင် ဘယ်သူ့ကိုမှ မကြည့်ဘဲ ​ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ကိုဟန်ပါပါထည့်၍ ရှေ့တည့်တည့်ဆီသို့သာ ကြည့်ပြီး အေးအေးသက်သာပင် လျှောက်လှမ်းလျှက်

Home (Completed)Where stories live. Discover now