🏡 Home 🏡 (Part-7) U+Z

364 24 0
                                    

🏡 Home 🏡

Part-7 (Unicode+Zawgyi)

Seungri အိပ်ရာမှ နိုးနိုးချင်း မျက်စိအစုံကို အသာပွတ်၍ ဖွင့်ကြည့်လိုက်တော့ သူ့အိပ်ရာဘေး ပြတင်း ပေါက်မှမြင်နေရသည့် ကောင်းကင်ပြင်ဟာကြည်လင်လို့နေပြီး နံနက်ခင်းလေပြေနုနုအေးအေးလေးရဲ့ တိုက်ခတ်ကျီစယ်မှူကြောင့် ခန်းဆီးဇာလိုက်ကာလေးဟာ တလွင့်လွင့် . . .

ဒီနေ့သူတို့ရဲ့ အိမ်အသစ်ကြီးဆီကိုပြောင်းရွှေ့ရမှာမို့
၁၆ နှစ်အရွယ် လူငယ်လေးဟာ တက်ကြွပျော်ရွှင်လို့နေလေတယ်

Gwangju မှ ဘိုးဘွားပိုင်အမ​ွေအနှစ်ခြံဝန်းကျယ်ကြီး နှင့် အိမ်ကြီးကိုရောင်းချခဲ့ပြီး မိသားစုလိုက် Seoul ကိုပြောင်းရွှေ့အခြေချဖို့ကို သူ့မိဘတွေက ဆုံးဖြတ်ခဲ့ကြတယ်

တဖြေးဖြေးပိုပြီးလူသိများ အောင်မြင်လာပြီဖြစ်တဲ့ သူ့မိခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကိုပိုပြီးတိုးချဲ့ဖို့ရယ်၊ သူ့ဖခင်ရဲ့ စားသောက်ဆိုင်လုပ်ငန်းကိုလည်း Seoul မြို့မှာ​ဆိုင်ခွဲအသစ်တွေထပ်မံဖွင့်လှစ်ချင်တာရယ်၊ နောက်ပြီး သူတို့ မောင်နှမ ၂ ယောက်ကို ကျောင်းကောင်းကောင်းမှာပညာသင်ကြားပေးနိုင်ဖို့ရယ် စတဲ့ရည်ရွယ်ချက်တွေကြောင့်ဖြစ်တယ်

Seoul ကို ရောက်ရောက်ချင်း သူ့မိခင်က အိမ်ဝယ်ဖို့စိတ်ကြိုက်အိမ်မတွေ့မချင်းလိုက်ရှာနေစဥ် အချိန်မှာတော့ ကျောင်းနဲ့နီးတဲ့ရပ်ကွက်က တိုက်ခန်းတစ်ခုမှာ သူတို့မိသားစု ခေတ္တငှားရမ်းနေထိုင်နေကြရတာဖြစ်ပြီး လွန်ခဲ့တဲ့တစ်ပတ်ကတော့ ရပ်ကွက်သန့်သန့်တစ်ခုက အိမ်တစ်လုံးကိုငွေအပြီးချေပြီး ဝယ်ယူပြီးခဲ့ပြီးဖြစ်တယ် တစ်ပတ်အတွင်း လိုအပ်တဲ့ပြင်ဆင်စရာရှိတာ သန့်ရှင်းရေးလုပ်စရာရှိတာတွေကို လုပ်ပြီးပြီမို့ ဒီနေ့တော့ ထိုအိမ်ကြီးကိုပြောင်းရတော့မယ် . . .

မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ခြံဝန်းကျယ်ကျယ်ထဲက အိမ်ကြီးကိုချက်ချင်းပဲ သူ သဘောကျသွားမိတယ်

*Omma ကတော်လိုက်တာ . . . နေရာကောင်း၊ အိမ်ကောင်းကို သေချာကြည့်ဝယ်တတ်တာပဲ'

Home (Completed)Where stories live. Discover now