Chapter - 24

560 70 0
                                    

(Zawgyi)

လန်ဝမ့်ကျီး ယုံဟွမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ထိုလူငယ်က သူ့ကို ပြန်လှည့်မကြည့်၊ မြင်ကွင်းတို့ကိုသာ အာရုံစိုက်နေသည်ကို တွေ့ရ၏။

လန်သခင်မရောက်သွားသောအချိန်တွင် သူ့ကို ဆီးကြိုနေသည်မှာ အလောင်း နှစ်လောင်းနှင့် အမှောင်ကျကျထောင့်တစ်ထောင့်တွင် ရပ်နေသော အဆိုပါသူသာဖြစ်၏။ အေးစက်စက်စကားသံသည် လေနှင့်အတူ ပျံ့လွင့်လာလေသည်။
"အဲ့ ကျင့်ကြံသူ‌တွေကြားမှာ နေတာကြာလို့ စိတ်က အရမ်းပျော့ညံ့မသွားလောက်ဘူးလို့တော့ မျှော်လင့်ပါရဲ့"

"သူတို့မှာ ဘာအပြစ်ရှိလို့လဲ..."
လန်သခင်မ ဤမျှလောက် လေသံမာမာဖြင့် ပြောသည်မှာ သူ့ဘဝတစ်လျှောက် ပထမဆုံးဖြစ်နိုင်လေသည်။

တစ်ဖက်လူက အမေးကို ပြန်မဖြေ။
"အဲ့ကောင်လေးကို လမ်းမှာတွေ့ခဲ့တယ်မလား။ သူအခုဘယ်မှာလဲ..."

"မကောင်းမှုတွေ လုပ်နေတာ ရပ်တန့်သင့်နေပြီ။ ရွှံ့နွံကို ရွှံနွံနဲ့ဆေးလို့ စင်ကြယ်မှာမဟုတ်ဘူး"

"ရွှံ့နွံထဲမှာ နစ်မြုပ်နေအောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလဲ!!!"
ထိုသူ၏ မျက်လုံးတို့ထဲတွင် ဒေါသနှင့် နာကျင်မှုတို့ အတိုင်းသား ပေါ်လွင်လျက်။ သို့ရာတွင် အချိန်တိုအတွင်း၌ ထိုခံစားချက်တို့ လွင့်ပြယ်သွားဟန်ရှိ၏။
"ရှစ်မေ့ အခုချိန်မှာ မင်းနဲ့ ပြဿနာမဖြစ်ချင်ဘူး။ အဲ့ကလေးကို ငါရမှဖြစ်မယ်"

"အမှောင်ထဲကို ဆွဲခေါ်ဖို့ပဲမလား"

"အလင်းဆိုတိုင်းရော ကောင်းလို့လား။ ရှစ်မေ့လည်း သိမှာပါ..."

"ဘယ်မှာဖြစ်ဖြစ် လူကောင်းလူဆိုး ဆိုတာ ရှိမှာပဲလေ"

"အဲ့ဒါကို လက်မခံနိုင်တာ ဘယ်သူတွေလဲ။ ကိုယ့်ကို မိစ္ဆာလို့ သတ်မှတ်ထားတဲ့သူတွေကို မိစ္ဆာလိုပဲ ဆက်ဆံပေးရမှာပေါ့"

"ငြိမ်းချမ်းနေတဲ့ အခြေအနေ‌ကို မဖျက်ဆီးတာကောင်းလိမ့်မယ်"

ထိုသူက ဟက်ဟက်ပက်ပက်ရယ်လေသည်။
"ရှစ်မေ့က အခုအခြေနေကို ငြိမ်းချမ်းတယ်လို့ ထင်တယ်ပေါ့..."

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now