Chapter - 12

2K 195 5
                                    

(Zawgyi)

"မြို့လေးသေးသေး‌လေးက သာမန်အိမ်ရဲ့ အစေခံဖြစ်ပြီး ဘာ‌ကောင်မှ မဟုတ်ဘဲ ဖင်ခေါင်းကျယ်ချင်‌နေတာ။ သူ့ကိုယ်သူ ကောင်းကင်ဘုံမျိုးနွယ်က ဆင်းသက်လာတာ အောက်မေ့နေလား မသိဘူး။ မြောက်ကြွမြောက်ကြွနဲ့။ သူ့ထက် မြင့်မြတ်တဲ့ မျိုးရိုးက လူတွေကိုလည်း ရိုသေ‌လေးစားရကောင်းမှန်းမသိ။ ကြည့်လို့ကို မရဘူး"
ကျင်းလင်က မျက်စောင်း တစ်ချက်ထိုးလိုက်ပြီး ဆိုလေသည်။

"မင်းက သူ့ကြောင့် မင်းခွေးဝတုတ် အပြောခံရလို့ မကျေမနပ်ဖြစ်နေတာမလား။ မင်းရဲ့ ရှိရှိသမျှ ကြွားစရာ လက်နက် အသုံးအဆောင်တွေ ထည့်ထားတဲ့ အိတ်အလေးကြီးကို တစ်လမ်းလုံး မညည်းမညူ သယ်ပေးလာတာကို တောင်မှ အားမနာဘူးလား"
ကျင်းလင်မှာ ပေါက်ကွဲထွက်တော့မတတ် မကျေနပ်မှုများ ပြင်းထန်‌နေ‌သော်လည်း ကျင်းရီ၏ စကားမှာ မှန်နေသောကြောင့် သက်ပြင်း တစ်ချက်မှုတ်ကာ လှည့်ထွက်သွားလေတော့၏။

"ကျွန်တော်ကတော့ သူ့ရုပ်ရည်၊ သူ့အရည်အချင်းမျိုးနဲ့ သူများအိမ်မှာ ထမင်းချက်သွားဖြစ်နေတာ တော်တော် နှမြောဖို့ကောင်းတယ်လို့ တွေးမိတယ်။ သပ်သပ်ခပ်ခပ် ဖြစ်အောင် ပြင်ဆင်ပေးပြီး ပညာသေသေချာချာ သင်ပေးလိုက်ရရင် အဖိုးတန် သခင်လေး ဖြစ်လာမှာပဲ"
ဇီကျိန်းက တောက်ပသော မျက်ဝန်းများဖြင့် ဆိုလေသည်။

လန်စစ်ကျွေးမှာမူ တစ်စုံတစ်ခုကို အလေးအနက် တွေးတောလျက်ရှိလေ၏။
"မဟုတ်သေးဘူး..."

ကျန်သော ဂျူနီယာများ "???"

"ယုံဟွမ်က တော်တော် ထူးဆန်းနေသလိုပဲ"

"သာမန် အစေခံ‌ကောင်‌လေးပါပဲ။ ဘယ်နားက ထူးဆန်းနေလို့လဲ"

ကျင်းရီ၏ စကားကို ကျင်းလင်ကလည်း ခေါင်းညိတ်လျက် ထောက်ခံလေသည်။

"ဟုတ်တော့ဟုတ်တယ်။ ငါလည်း စဉ်းစားနေတာ။ သူ့ကို ကြည့်ရတာ အစေခံ အသွေးအမွေးနဲ့ကို မတူဘူး"
ဇီကျိန်းက တွေးတွေးဆဆ ပြောလေ၏။

"အဲ့ဒါလည်း ဟုတ်တယ်။ အဲ့ဒါထက် သူ့မျက်လုံးက တစ်ခါတစ်လေ ထူးဆန်းနေသလိုပဲ။ ပြီးတော့ သူ့ဆီမှာ အင်အားကြီးတဲ့ စွမ်းအင်တစ်ခုခုရဲ့ အငွေ့အသက်တွေ ရှိနေတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် စစ်ဆေးလိုက်တိုင်းလည်း ဘာမှ ပုံမှန်မဟုတ်တာ မတွေ့ရဘူး"

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now