Chapter - 27

732 65 6
                                    

(Zawgyi)

ဝေ့ဝူရှန့်တစ်ယောက် သွားများအကုန်‌ပေါ်အောင် ဖြီးပြရင်း ယုံဟွမ်၏လက်ကို နင်းထားမိသော ခြေထောက်ကို အလျင်အမြန်ပင် ကြွပေးလိုက်လေသည်။
"တော်တော်နာမှာပဲကို။ စောစောပြောရင် ငါစောစောဖယ်ပေးမှာပေါ့ကွာ..."

ယုံဟွမ်ကမူ ပြုံးပြုံးလေးနှင့်ပင် အနင်းခံလိုက်ရသော လက်ကိုသာ ပွတ်နေ၏။
"ရပါတယ် ဝေ့အကြီးအကဲ။ ဒါနဲ့ နျဲ့ဂိုဏ်းချုပ်... ကျွန်တော်တို့ အခု..."

နျဲ့ဟွိုင်စန်းက သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။ သူ၏ ပုံမှန်နှင့်မတူ လေးနက်သော မျက်နှာထားကြောင့် ယုံဟွမ်မှတစ်ပါး အားလုံးမှာ ထူးဆန်းသည်ဟု ခံစားနေကြရ၏။

"ကြည့်ရတာ အကုန်လုံးနဲ့ ဆွေး‌နွေးရတော့မယ်နဲ့တူတယ်။ ကျွန်တော်အားလုံးကို ဒီနေရာခေါ်လာခဲ့တာအကြောင်းရှိပါတယ်။ သိကြတဲ့အတိုင်း အစ်ကိုကြီးရဲ့ ရုပ်အလောင်းကို ပြန်ရပြီးနောက်ပိုင်း သူ့ကိုရော ကျင်းကွမ်းယောင်ကိုပါ နျဲ့ဂိုဏ်းဘိုးဘေးသင်္ချိုင်းမှာ အတူတူချိပ်ပိတ်ထားတာ တစ်နှစ်ပြည့်ပြီးပါပြီ။ ဘာပြဿနာမှမရှိအောင် အကောင်းဆုံးထိန်းသိမ်းထားတာပါ။ ဒါပေမယ့် အခုရက်ပိုင်းမှာ ထူးဆန်းတာတွေရှိလာတယ်။ အခုထိတော့ ဘာမှမဖြစ်သေးဘူးဆိုပေမယ့် ကျွန်တော်အရမ်းစိုးရိမ်နေတာက တကယ်လို့သာ တစ်စုံတစ်ယောက်က အစ်ကိုကြီးကို အသုံးချဖို့ ကြံစည်နေတာမျိုးဆိုရင်..."

"ရှစ်ဖုန်းကျွင်းကို အသုံးချမှာ? နျဲ့ဟွိုက်စန်း... ဒါတော့ မင်းသက်သက်အစိုးရိမ်လွန်နေတာ မဟုတ်ဘူးလား။ ဘယ်လိုအရူးမျိုးက ရှစ်ဖုန်းကျွင်းရုပ်အလောင်းကို အသုံးချနိုင်မှာတဲ့လဲ။ ကျင်းကွမ်းယောင်ကလည်း သေရုံတင်မက ခုလောက်ဆို ရှစ်ဖုန်းကျွင်းဒေါသနဲ့ အမှုန့်ဖြစ်နေလောက်ပြီကို..."

"မဟုတ်သေးဘူး အစ်ကိုကျန်းရဲ့။ အဲ့ဒါ... အဲ့ဒါက..."

နျဲ့ဟွိုက်စန်း ခေါင်းတစ်ချက်ကုတ်ကာ ဝမ်းနင်ကို လှည့်ကြည့်လေသည်။ ဝမ်းနင်မှာ မိမိဘာအမှားမှ လုပ်မထားသည်မှာ သေချာသော်လည်း ပြန်စဉ်းစားကြည့်သောအခါ သိပ်မသေချာတော့သည်နှင့် တောင်းပန်ရန် အသင့်ပြင်လိုက်၏။ သို့ရာတွင် တစ္ဆေစစ်သူကြီးထံမှ တောင်းပန်စကားထွက်မလာမီ နျဲ့ဂိုဏ်းချုပ်က စကားဆက်လေသည်။

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now