(Zawgyi)
"ဝိဉာဉ်ခံစားခြင်းလို့ပဲ ခေါ်ရမှာပေါ့။ ဒါပေမယ့် ဒါက အသက်ရှိဖူးတဲ့ ဝိဉာဉ်မှာ ဝင်ခံစားတာမျိုး မဟုတ်ဘူး။ သက်မဲ့ပစ္စည်းတစ်ခုရဲ့ မှတ်ဉာဏ်ကို ဝင်ကြည့်တဲ့ သဘောပဲ..."
"အန္တရာယ် များတဲ့ မိစ္ဆာနည်းလမ်းပဲ"
ဟန်ကွမ်းကျွင်းက တိုတိုတုတ်တုတ် ပြောလေသည်။ ဇယ်ဝူကျွင်းကမူ အားနာပါးနာ လှည့်ကြည့်၏။
ယုံဟွမ်ကား ဟန်ကွမ်းကျွင်း၏ အေးစက်စက် အမူအရာကို မည်သို့မျှ သဘောရှိပုံမရ။ သာမန်လေသံဖြင့် အပြုံးမပျက် တုံ့ပြန်လေသည်။
"မငြင်းပါဘူး"
ထို့နောက် အမှောင်ထုထဲတွင် သုံးယောက်သား တိတ်ဆိတ်နေကြပြန်လေသည်။ ဇယ်ဝူကျွင်းက ကြားထဲမှ အနေရခက်လာသဖြင့် စကားစကြည့်လေ၏။
"ဒီတော့ ဒါနဲ့ ရိုးရိုး ဝိဉာဉ်ခံစားခြင်းနဲ့မှာ ခြားနားတာများ မရှိဘူးလား..."
"သေချာပေါက်ရှိတာပေါ့။ တစ်အချက်၊ သက်ရှိရဲ့ဝိဉာဉ်နဲ့ သက်မဲ့ရဲ့ မှတ်ဉာဏ်ဆိုတာ အများကြီး ကွာခြားတယ်။ 'ဝိဉာဉ်'ဆိုတာမှာ ခံစားချက်တွေပါနေတယ်။ မှတ်ဉာဏ်ကတော့ ခံစားချက်မပါတဲ့ မှတ်ဉာဏ်သက်သက်ပဲ။ အဲ့ဒီ ခံစားချက်ပါတာ မပါတာကြောင့်မို့ပဲ ဝင်ခံစားတဲ့နေရာမှာ ကွဲပြားမှုတွေဖြစ်လာတယ်။ သက်ရှိဝိဉာဉ်က ဝင်ခံစားရတာ လွယ်ပြီး အဓိက မှတ်ဉာဏ်တွေကို အချိန်ခဏနဲ့ ဝင်ကြည့်နိုင်တယ်။ ဒါပေမယ့် ဝိဉာဉ်မှာ ကြီးမားတဲ့ ခံစားချက်တွေ ရှိနေရင် အန္တရာယ်ကြီးတယ်။ သက်မဲ့ ဝိဉာဉ်ကတော့ ခံစားချက် မပါတဲ့ အတွက် အဲ့လို့ အန္တရာယ်မရှိဘူး။ ဒါပေမယ့် အဝင်ခက်၊ အထွက်ခက်တယ်"
"ထွက်လို့ မရတာမျိုး ဖြစ်နိုင်တာပဲ"
ဟန်ကွမ်းကျွင်းဆီမှ ရေခဲရိုက် အသံ ထွက်လာလေသည်။"ဟုတ်တယ်။ ကိုယ်တွေ့ပဲ..."
"...."
ယုံဟွမ်စကားကြောင့် ဇယ်ဝူကျွင်း မျက်လုံးပြူးရလေ၏။"ဒါပေမယ့် မစိုးရိမ်ကြပါနဲ့။ အခုတော့ ကျွန်တော် အလေ့အကျင့်များပြီး နည်းလမ်း သိသွားပါပြီ..."
ယုံဟွမ်က သဘောကျစွာ ပြုံးလေသည်။
YOU ARE READING
Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)
Fanfiction(Zawgyi) နျဲ့မင်ကြွယ်၏ ဝိဉာဉ်ကိစ္စကို ဖြေရှင်းပြီးနောက် ဝေ့ရင်းနှင့် လန်ကျန့်တို့ ကျင့်ကြံဖော်များအနေဖြင့် ပုံမှန် ဘဝလေးတစ်ခုကို ဖြတ်သန်းနေကြသည်မှာ တစ်နှစ်ခန့်ရှိပေပြီ။ စစ်ကျွေး၊ ကျင်းလင်၊ ကျင်းရီနှင့် ဇီကျိန်းတို့သည်လည်း ဉာဉ့်အမဲလိုက်ခြင်းမှလွဲ၍ တျ...