Chapter - 3

3.6K 252 15
                                    

(Zawgyi)

ကူစူး၏ မြောက်ဘက် တောင်ခြေတွင် တည်ရှိသော ဝမ်းကျွိမြို့။

နာမည်နှင့် အညီပင် စာရေးစက္ကူ၊ စုတ်တံ၊ မင်၊ ပန်းချီ‌ဆေးရောင်စုံ စသည့် စာရေးကိရိယာ မျိုးစုံကို ထုတ်လုပ်ရောင်းချသော မြို့ငယ်လေးတစ်မြို့။ ထို့အပြင် ထိုမြို့ငယ်လေးမှာ ပန်းချီပညာ၊ လက်ရေးအလှ ပညာနှင့် စက္ကူနှင့် ဆက်စပ်သော လက်မှု အနုပညာများ အတွက် ကျော်ကြားသည်။

"ကျွန်တော်သိရသ‌လောက် ဒီမြို့ကို ဘယ်သူမှ ဉာဉ့်အမဲလိုက်ဖို့ မလာတာ ဆယ်စုနှစ် တစ်စုစာလောက် ရှိပြီတဲ့။ အဲဒါကြောင့် ဘာပြဿနာမှ မကြားရပေမယ့် ဒီနေရာကို လာဖို့ရွေးလိုက်တာ" လန်စစ်ကျွေးက ရှင်းပြနေလေသည်။

"ဘာ!!! ဒါဖြင့်ရင် ဒီ...ဒီနေရာမှာ မနှိမ်နင်းရသေးတဲ့ ဖုတ်သရဲတွေ အများကြီးရှိနေနိုင်တာပေါ့"
လန်ကျင်းရီတစ်ယောက် ချက်ချင်းပင် တိမ်လွှာနန်းမြိုင်သို့ ပြန်ပြေးချင်စိတ် ပေါက်လာ၏။ ဆယ်စုနှစ်တစ်စုစာ မည်သူမျှ မကိုင်တွယ်ရသေးသော ဖုတ်သရဲများဆိုသည်မှာ ပေါ့သေးသေး မဖြစ်နိုင်လေ။

ရုတ်တရက် ကျင်းရီ ဟန်ကွမ်းကျွင်းကို မျက်လုံးထောင့်မှ လှမ်းကြည့်မိ၏။ ဟန်ကွမ်းကျွင်း၏ ကျောက်စိမ်းရုပ်ကဲ့သို့ ချောမောခန့်ညားသော ရုပ်သွင်ကား မတုန်မလှုပ် ပကတိ တည်ငြိမ်နေမြဲပင်။ ဘာကြောင့်ရယ်တော့ မပြောတတ်သော်လည်း ဟန်ကွမ်းကျွင်းကို မြင်လိုက်ရတိုင်း လန်ကျင်းရီ ပျောက်သွားသော သတ္တိများပြန်ရလာမြဲ။

"ဒါပေမယ့် မြင်ရ‌သလောက်တော့ အကုန်လုံး အေးချမ်းနေတာပဲ"
ဝေ့ဝူရှန့်က ပေါ့ပေါ့ပါးပါးပင် ဆိုလေ၏။

"အေးချမ်းလွန်းတယ်"
လန်ဝမ့်ကျီးက ကျောက်ရုပ်မျက်နှာထားဖြင့် တုန့်ပြန်လေသည်။

"မင်းပြောတာ မှန်တယ် လန်ကျန့်။ ဘယ်လောက်အေးချမ်းတဲ့ မြို့လေးဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ အနည်းဆုံးတော့ အငြိုးကြီးတဲ့ တ‌‌စ္ဆေသရဲ တစ်ကောင်လောက်တော့ ရှိရမှာ။ ဘာလို့ ဘာသတင်းမှ မကြားရတာလဲ"

"စစ်ကျွေး!!!..."
လှမ်းခေါ်လိုက်သော အသံမှာ အစပိုင်းတွင် တက်တက်ကြွကြွရှိသော်လည်း တဖြည်းဖြည်း မဝံ့မရဲနှင့် တိမ်ဝင်သွားလေ၏။

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now