Chapter-8

2.1K 198 5
                                    

(Zawgyi)

"????"

နတ်သမီးလေးနောက်သို့ မီလာကြသော အခါ ဝေ့ဝူရှန့်မှအပ အားလုံး မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျနေသော မျက်နှာကို ကာထားသည့် လူတစ်ယောက်နှင့် ထိုသူကို ခေါင်းတစ်ပြန် ခြေတစ်ပြန် တရှုံ့ရှုံ့ အနံ့ခံနေသော နတ်သမီးလေး ပင် ဖြစ်လေသည်။ ဝေ့ဝူရှန့်မှာကား နတ်သမီးလေးကို မြင်သည်နှင့် မျက်လုံးကို စုံမှိတ်ကာ လန်ကျန့်နောက်တွင် ဝင်ပုန်းနေသဖြင့် အခြားလူများလောက် မမြင်လိုက်ရလေ။

"မင်း ခွေး ဝတုတ်က ဘာသွားလုပ်လိုက်လဲ မသိဘူး။ ဒီလူက ဒီလောက်တောင် ဖြစ်သွားရအောင်....."
ကျင်းရ်ီက နတ်သမီးလေးကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း ဆို၏။ နတ်သမီးလေးမှာမူ အပြစ်လုပ်မိသော မျက်နှာငယ်လေးဖြင့် အမြီးလေး ကုပ်၍နေရှာလေသည်။

"ဟေ့ကောင် ငါ့ နတ်သမီးလေးက လူကို မကိုက်တတ်ဘူးလို့ ဘယ်နှခါပြောရမလဲ!!"
ကျင်းလင်က နတ်သမီးလေး ဘက်မှ ခုခံ၍ပြောလေ၏။

"ငါက မင်း‌ခွေးက ကိုက်တယ် လို့‌ ပြောနေလို့လား!!!"

"မင်းပြောချင်တဲ့ အဓိပ္ပာယ်ကအတူတူပဲ မဟုတ်ဘူးလား!!!"

"တစ်စုံတစ်ခုကို အကြောက်လွန်ပြီး သတိလစ်သွားတာ"
စစ်ကျွေးက သတိ‌မလည်သေးသော ထိုသူကို စမ်းသပ်ရင်းပြောလေသည်။
"တခြားတော့ ဘာမှ ထိခိုက်ထားတာ မရှိဘူး"

"မျက်နှာက ဘာလို့ အုပ်ထားရတာလဲ။ သူ့မျက်နှာမှာ လူသိခံလို့မရတဲ့ လျှို့ဝှက်ချက်တွေများရှိနေလို့လား"
ကျန်းချန်က ထေ့လိုက်၏။

"စစ်ကျွေး အဲ့မျက်နှာဖုံးကို ဖယ်လိုက်"
ဝေ့ရင်းက လန်ကျန့်နောက်မှ ထွက်မလာဘဲ ပြောလေ၏။

"ဝေ့ဝူရှန့်! သိချင်ရင် မင်းကိုယ်တိုင် လာကြည့်ပါလား!!!"
ကျန်းချန်က ‌ထိုအတွဲကို ကျောပေးလျက် ဆိုလိုက်သည်။

"ခွေး....."
ဝေ့ရင်းက တုန်တုန်ယင်ယင် ပြန်ပြောလေ၏။

"ချီးပဲ!!! နာမည် ကြားရုံနဲ့ တစ်လောကလုံးက တုန်လှုပ်ရတဲ့ ရီလင်လောင်ဇူက ခုချိန်ထိ ခွေးကြောက်နေတုန်းပဲလား!!!"
ကျန်းချန်က ဆက်၍ စိတ်မရှည်နိုင်တော့သည်နှင့် ဟောက်ထည့်လိုက်လေတော့၏။

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now